•28•

6.8K 811 7
                                    


Unicode


နောက်ဆုံးနှစ်ကိုတက်ရောက်ဖို့ သူတို့တွေစာမေးပွဲဖြေကြတယ်။ တစ်ပတ်ဆိုတဲ့အချိန်ကာလမှာ ရှောင်းကျန့်မိဘတွေက ဝမ်ရိပေါ်နဲ့ပတ်သတ်ပြီးဘာဆိုဘာမှထပ်မပြောတော့တဲ့အပြင် သူမတို့က အဲ့ကိစ္စအပေါ်မေ့ပျောက်သွားပြီလားလို့တောင် ရှောင်းကျန့်တွေးမိတယ်။

ဒီလိုဆိုရင်တော့ကောင်းတာပေါ့..

သူအခု ရိပေါ်နဲ့လည်းကောင်းကောင်းဖြတ်သန်းနေရသလို မိဘတွေနဲ့လည်းအဆင်ပြေပြေနေရတယ်လေ။

ဆိုင်ကယ်နဲ့ရပ်စောင့်နေသူအနားမှာ ပျိုမဒီလေးတွေဝိုင်းနေတာကိုမြင်ရတော့ ရှောင်းကျန့်မျက်နှာမှာအပြုံးခပ်ရေးရေးကပေါ်တယ်။ တခြားတော့မဟုတ်ပေမယ့် ဝမ်ရိပေါ်လိုလူက သူ့ကိုရွေးချယ်ခဲ့တာကြောင့် ဒါကိုဂုဏ်ယူစရာတစ်ခုလိုတောင်ခံစားမိနေတာကြောင့်လေ။

ထိုသို့ထုတ်ပြောမိတဲ့အချိန်တွေမှာဆိုကျိယန်က အမြဲ သူ့ကိုအပိုလုပ်တယ်လို့ပြောပြီးတွန်းထုတ်တတ်ပေမယ့် ရှောင်းကျန့်တို့က ပြောမြဲပြောဆဲ။

ကျယ်ပြန့်ပြီးတောင့်တင်းနေတဲ့ကျောဘက်ကို လက်နဲ့အသာတို့ထိပြီး စနောက်လိုက်တော့ ဝမ်ရိပေါ်က လှည့်ကြည့်လာတယ်။ သူ့ကိုမြင်တာနဲ့ ဆိုင်ကယ်ဦးထုပ်ကိုကိုယ်တိုင်ဝတ်ပေးလာတဲ့အခါ ဘေးကမိန်းကလေးတွေဆီက ခပ်ကြိတ်ကြိတ်အသံတွေစီပြီးထွက်တယ်။

" ကျွန်တော့်ဘာသာလုပ်လိုက်မယ် "

" ငြိမ်ငြိမ်နေ "

ရှောင်းကျန့်ရဲ့လက်တွေကမနာအောင်ပုတ်ထုတ်ခံလိုက်ရသေးတယ်။ ဆိုင်ကယ်ဦးထုပ်ကို ဝမ်ရိပေါ်က သူကိုယ်တိုင်လည်းဆောင်းပြီးတဲ့အခါမောင်းဖို့အဆင်သင့်ဖြစ်နေပြီ။ ကြယ်သီးမတပ်ထားတဲ့အပေါ်ဝတ်ကို အနောက်ကနေ ရှောင်းကျန့်ကဆုတ်လိုက်ထားရင်းနဲ့လှမ်းမေးတယ်။

" သွားစရာမရှိရင် ကျွန်တော့်ကိုဟိုတစ်ခေါက်တုန်းကရှေ့ကဖြတ်သွားပြီးမဝင်ခဲ့ရတဲ့ ဘုံကျောင်းကိုလိုက်ပို့ပါအုံး "

" သွားစရာရှိတယ်၊ ဘုံကျောင်းဆီဘာလို့လဲ "

" မားအတွက်ကျန်းမာရေးအဆောင်ယူရမှာ "

Learning How To Love《 Completed 》Where stories live. Discover now