•7•

7.7K 946 16
                                    

Unicode

မနက်ခင်း အိမ်ကလူကြီးတွေကိုနှုတ်ဆက်ပြီးထွက်လာတဲ့ရှောင်းကျန့်က တံခါးဝမှာတင် ကျိယန်နဲ့ဆုံတယ်။ အိပ်ရေးမဝတဲ့ပုံစံဖြစ်နေတဲ့ ရှောင်းကျန့်ကို စောင်းငဲ့အကဲခတ်ကြည့်နေရင်း ငွေရောင်ကိုင်းမျက်မှန်လေးကိုဘေးကနေခပ်ဖွဖွကိုင်လှုပ်လို့စလိုက်သေး ။

" မျက်မှန်တပ်ရပြန်ပြီလား "

" အင်း မနေ့ညက အိပ်မပျော်တာနဲ့ စာတွေဖတ်မိတာများသွားတယ် မျက်ရိုးတွေလည်းကိုက်နေလို့ .. အာ ဒါနဲ့ မင်းမနေ့က ဟောက်ရွှမ်းနဲ့ထွက်သွားပြီး ဘာလို့ပြန်မလာတော့တာလဲ "

ကျိယန်မျက်နှာက ခပ်ရဲရဲဖြစ်သွားပြီး စကားတစ်ခွန်းထွက်ဖို့ကိုတောင်ကြာနေတယ် ။ ဘတ်စ်ကားရောက်လာတဲ့အခါ နှစ်ယောက်သားတက်သွားကြရင်း ရှောင်းကျန့်ကိုမနေ့ညကဖတ်ခဲ့စာအုပ်အ​​ကြောင်းကို ကျိယန်ကမေးလိုက်တဲ့အခါ ဟောက်ရွှမ်း အကြောင်းလည်း မေ့မေ့ပျောက်ပျောက်ဖြစ်သွားပုံရတယ် ။

အသိတော့ပေးဖြစ်မှာပါ ။ ဒါပေမယ့် အချိန်မကျသေးဘူးလို့ ကျိယန်က တွေးထားတယ် ။

... //

ဒီနေ့ ဝမ်ရိပေါ် ကျောင်းမလာဘူး။ အားလုံးစုံနေပြီးပျော်နေကြပေမယ့် ရှောင်းကျန့်တစ်ယောက်ပဲကိုယ့်အကြောင်းနဲ့ကိုယ်မို့ငြိမ်ကုတ်နေရတယ်။

မနေ့ည​ကကိစ္စကြောင့် ဝမ်ရိပေါ်ကသူ့ကိုရှောင်နေခဲ့တာများလားလို့လည်းတွေးမိတယ်။ ထိုအကြောင်းကိုပြန်တွေးတာနဲ့ ခေါင်းထဲနောက်ကျိလာရပြီးနေမကောင်းချင်သလိုဖြစ်လာတယ်။ ဝမ်ရိပေါ်ရဲ့နှုတ်ခမ်းနွေးနွေးက သူ့ပေါ်မှာအခုထိအငွေ့အသက်တွေကျန်နေတုန်းလို့ ထင်တယ်။

ဝမ်ရိပေါ် ကိုပြေးတွေ့ပြီးရှင်းရှင်းလင်းလင်းမေးပစ်ချင်တယ်။

" ရှောင်းကျန့် နေမကောင်းဘူးလား "

ယွီပင်းက အိပ်ရေးမဝဖြစ်ပြီးအားနည်းနေပုံပေါက်တဲ့ရှောင်းကျန့်ကို မေးတော့တယ်။ ကျိုးချန်တို့ပါ ဂရုစိုက်မိသွားပြီး ကျောင်းဆေးခန်းကိုခေါ်သွားဖို့လုပ်ကြတယ်။

Learning How To Love《 Completed 》Where stories live. Discover now