•13•

7.2K 968 37
                                    

Unicode

​​ခြေထောက်သက်သာသွားတဲ့နောက်မှာဝမ်ရိပေါ်ကပုံမှန်အတိုင်းပဲကျောင်းကိုတက်တယ်။ အဖွဲ့ထဲမှာဟောက်ရွှမ်းနဲ့ကျိယန်ကတွဲသွားတဲ့နောက် ကောင်မလေးအများစုရဲ့ချိန်ရာက ဝမ်ရိပေါ်ဖြစ်တယ်။

ဂီတခန်းထဲမှာလူတွေပြည့်နေတယ်။ အကြောင်းရင်းက ဝမ်ရိပေါ်ကိုသတင်းလာမေးကြတာ။ တစ်ချို့ကဝမ်ရိပေါ်က ရှောင်အာနဲ့တွဲနေပါတယ်ဆိုထင်ကြေးပေးကြတယ်။ သူမတို့က ရှောင်အာကိုမြင်တာနဲ့သဘောမကျကြပေမယ့် ထက်ထက်မြက်မြက်ရှိပြီး အသွက်လေးဖြစ်တဲ့ရှောင်အာကိုတော့ တိုက်ရိုက်​ကြီးမမုန်းနိုင်ကြဘူး။

ရှောင်းကျန့်ကလူရှင်းသွားတဲ့အချိန်ထိစောင့်နေပေးတယ်။ သူ့လက်ထဲမှာ လောလောလတ်လတ်ဝယ်လာတဲ့အားဖြည့်အချိုရည်ပုလင်းလေးကရှိနေတုန်းပဲ။ ငွေ​ရောင်မျက်မှန်ကိုင်းကိုတစ်ချက်ပင့်တင်ရင်း ရှောင်းကျန့်က အထဲထိလျှောက်လာတယ်။

ခုံပေါ်မှာရှိနေတဲ့ စားစရာမျိုးစုံကိုတွေ့လိုက်ရတော့ ရှောင်းကျန့်က သူ့ပုလင်းသေးလေးကို ကျောနောက်ဘက်ကိုပို့ရင်းဖွက်လိုက်တယ်။

" ငါတို့ ထွက်ပေးမယ်နော် "

" တံခါးပိတ်ခဲ့မယ် "

ယွီပင်းနဲ့ကျိုးချန်မျက်နှာကစပ်ဖြီးဖြီး။ ရှောင်အာက သူတို့နှစ်ယောက်ကိုဆွဲပြီးခေါ်သွားတယ်။ အခန်းတံခါးလည်းပိတ်ဖို့မမေ့။

" လက်ထဲကဘာလဲ "

ဝမ်ရိပေါ်ကဂစ်တာကိုပိုက်ထားရင်းနဲ့ ရှောင်းကျန့်နောက်ကျောဘက်မှာဖွက်ထားတဲ့လက်တွေကိုစောင်းကြည့်တယ်။ ပြလည်းမပြ လှုပ်လည်းမလှုပ်တဲ့ ရှောင်းကျန့်ကို သူကပဲ အကျီကနေဆွဲပြီးအနားထိကပ်သွားတာနဲ့ နောက်ကျောဘက်မှာရှိနေတဲ့လက်ဆီကိုဦးတည်တယ်။

ထိုင်ရက်နဲ့ ဝမ်ရိပေါ်က ရှောင်းကျန့်ခန္ဓာကိုယ်ကိုလက်တစ်ဖက်နဲ့ပွေ့ဖက်ထားသလိုဖြစ်ပြီး သူတို့နှစ်​​ယောက်ကြားထဲမှာဂစ်တာတစ်လက်သာရှိတယ်။

လက်ထဲပါလာတဲ့ ပုလင်းလေးကို ရိပေါ်ကလှည့်ပတ်ကြည့်တယ်။ ဒါကိုရှောင်းကျန့်ကဖွက်လာတယ်?

Learning How To Love《 Completed 》Where stories live. Discover now