•4•

8.4K 1K 5
                                    

Unicode

စာအုပ်ဖတ်နေကျအချိန်မှာ စာအုပ်ဖတ်မရလို့ ပုံတွေဆွဲတယ်။ ပုံဆွဲလည်းစိတ်မပါတာနဲ့ ရပ်လိုက်ပြီး အိပ်တယ်။

အိပ်ယာပေါ်လူးလိမ့်နေရင်း နာရီကြည့်လိုက်တော့ ဆယ့်နှစ်နာရီကျော်နေပြီ။ သူ တစ်ခါမှဒီလောက်ထိမနေနိုင်မထိုင်နိုင် စိတ်ထဲမှတ်ထားတာမျိုးမဖြစ်ဖူးပါဘူး။

ရှောင်းကျန့် စိတ်ရှုပ်ရှုပ်နဲ့ ကျိရန်ဆီဖုန်းခေါ်လိုက်တော့ အကြာကြီးနေမှ ဖုန်းကဝင်တယ်။

" ကျိရန် အိပ်နေတာလား "

" အဖေရယ် မင်းငါ့ကိုနှိုးလိုက်တာပဲ "

" အင်းအင်း ဒါဆိုမအိပ်နဲ့ ငါပြောတာကိုနားထောင်ပေး "

" အရေးကြီးလို့လား မနက်မှပြော "

" ကြီးတယ် တော်တော်ကြီးတာ "

ဒီကောင်.. သူ့အရေးထက် အိပ်ဖို့ပဲဦးစားပေးနေတယ်။ ရှောင်းကျန့်ပြောလိုက်တဲ့အလောတကြီးအသံနောက်မှာ ကျိရန်ဆီက အိပ်ရေးပျက်လို့စိတ်ရှုပ်တဲ့အသံတွေကတကျွတ်ကျွတ်ထွက်လာသေးတယ်။

" ပြော ပြော "

" ငါလူတစ်​ယောက်ကိုသဘောကျနေတယ်ဆို မင်းဘယ်လိုမြင်လဲ "

" ဟား ရှောင်းကျန့်ရယ် "

ကျိရန်ရဲ့ငိုတော့မလိုအသံကြောင့် ရှောင်းကျန့်နှာခေါင်းတစ်ချက်ရှုံ့လိုက်တယ်။

" မင်းအရေးကြီးတယ်ဆိုတာ အဲ့တာလား "

" ဟုတ်တယ် "

" အရင်ဘဝက ငါမင်းဆီကအကြွေးတွေယူခဲ့လို့ဖြစ်မယ် အိပ်ချိန်လေးတော့လွှတ်ထားစမ်းပါ ရှောင်းကျန့်ရဲ့ ငါ့ကိုမသနားဘူးလား ဂိမ်းရှုံးလို့လည်း.. "

" အဲ့လူက ဝမ်ရိပေါ် "

ပြောချလိုက်တဲ့နောက်မှာ တစ်စက္ကန့်လောက်တိတ်ဆိတ်ငြိမ်သက်သွားပြီး ရှောင်းကျန့်လည်း လက်ထဲကပိုက်ထားတဲ့ခေါင်းအုံးကိုဖိဆုပ်ခြေမွလိုက်တယ်။ ဖုန်းထဲမှာမို့ ပြောထွက်ခဲ့တာ ကျိရန်နဲ့သာမျက်နှာချင်းဆိုင်ပြောဖို့ဆိုရင် ဒီတစ်သက်ဖြစ်နိုင်မှာမဟုတ်ဘူး။

Learning How To Love《 Completed 》Where stories live. Discover now