•17•

7.3K 949 25
                                    

Unicode

ရှောင်းကျန့်က နေ့ရက်တွေကိုပြက္ခဒိန်ပေါ်ရေတွက်ထားတတ်တယ်။ ဒီနေ့က ဆယ့်ခုနှစ်ရက်မြောက်နေ့ဖြစ်ပြီး ဝမ်ရိပေါ်ဆီကို ရုပ်ရှင်အတူကြည့်ဖို့မရမကတောင်းဆိုထားတဲ့နေ့လည်းဖြစ်တယ်။

မနေ့ညကထိ မသွားဘူး ဆိုပြီးပြတ်ပြတ်သားသားငြင်းထားသူက ဒီမနက်မှာတော့ လက်မှတ်ဖြတ်ပြီးသွားပြီဟုဆိုပြီးရုံကိုခေါ်သွားဖို့ရောက်လာတယ်။ အရင်လိုဆိုင်ကယ်မဟုတ်ဘဲ ​ကားကိုမြင်ရတဲ့အခါ ရှောင်းကျန့် ပါးစပ်အဟောင်းသား။

" မတက်ဘူးလား "

တစ်ဖက်ကလှမ်းအော်သံကြားမှရှောင်းကျန့်က ကားတံခါးကိုဖွင့်ပြီးတက်တယ်။ အထဲရောက်တာနဲ့ခါးပတ်ပတ်ပြီးခေါင်းအငြိမ်မနေဘဲ လှည့်ပတ်ကြည့်တော့တယ်။

" ဆိုင်ကယ်ကရော "

" ပြင်စရာလေးရှိလို့ .. လျှောက်မကိုင်နဲ့ ဒါသူများကားဌားလာတာ "

ကားတွေအကြောင်းရှောင်းကျန့်မသိပေမယ့် ဒီကားပုံစံကထူးထူးခြားခြားရှိပြီးသာမန်မဟုတ်တာတော့သိတယ်။ ဘယ်လိုလူမျိုးကဌားလိုက်လဲမသိပေမယ့် ရိပေါ်ကိုယုံကြည်တဲ့လူပဲဖြစ်ရမယ်။

ရှောင်းကျန့်ကသူ့လက်နှစ်ဖက်လုံးကိုပေါင်ပေါ်ငြိမ်ငြိမ်လေးတင်လိုက်ပြီး

" ရိပေါ်မှာ ကားလိုင်စင်ရှိတယ်? "

" အင်း ဆယ့်ရှစ်ပြည့်ထဲက "

အာရုံစိုက်မောင်းနေသူကို ရှောင်းကျန့်တစ်ဖက်ကနေခိုးတောင်မကြည့်နိုင်တော့ဘဲ ပေါ်ပေါ်ထင်ထင်ငေးတယ်။ ရိပေါ်က ရိပေါ်ပါပဲ။ ဘာလုပ်လုပ်ကြည့်ကောင်းလွန်းနေတော့ ရှောင်းကျန့်ရင်ခုန်တာပေါ့။

" ရိပေါ်ကားမောင်းတာကို​တစ်ခါမှမတွေ့ဖူးဘူးလားလို့ "

" လိုင်စင်ရသွားတဲ့နောက် ဒါပထမဆုံးမောင်းတာ"

" ဟင် "

ရှောင်းကျန့်လက်က ခါးပတ်ကြိုးကိုတင်းနေအောင်ကိုင်လိုက်မိရက်သား။ ရိပေါ်နောက်နေတာတော့မဟုတ်ဘူးမှတ်လား။ ယုံကြည်ပြီးတက်လာမိကာမှ နောက်မှကားဟွန်းသံတွေဆူဆူညံညံကြားလိုက်ရတဲ့အခါ ရှောင်းကျန့်ဘုရားတရတယ်။

Learning How To Love《 Completed 》حيث تعيش القصص. اكتشف الآن