•30•

9.5K 964 34
                                    


Unicode


မနက်ပိုင်းခြောက်နာရီ Alarm က ရှောင်းကျန့်ကိုအိပ်ယာကနေနှိုးတယ်။ 5 မိနစ်လောက်ဆက်အိပ်နေမိတဲ့အခါ အခန်းရှေ့ကနေမားရဲ့အသံက Alarm ထက်တောင်လူကိုချက်ချင်းနှိုးစေတယ်။

မျက်နှာသစ်ဖို့ထလာတဲ့ အိပ်ချင်စုန်မွှားပုံစံနဲ့ရှောင်းကျန့်က မညှပ်တာကြာပြီဖြစ်တဲ့ ဆံပင်များလည်း ခပ်ရှည်ရှည်ဖြစ်နေပြီး ရှေ့နဖူးကိုဖုံးနေပြီ။ အသက်နှစ်ဆယ့်ခြောက်ဆိုတဲ့အရွယ်နဲ့မတူဘဲ အောက်ထပ်ကအန်တီလျှိုပြောသလို သူကအမြဲ အထက်တန်းကျောင်းသားလေးပဲတဲ့။

အဲ့လိုမြှောက်ခံရတဲ့အခါတိုင်းလည်း ရှောင်းကျန့်က သင်တန်းကျောင်းကနေပြန်လာတိုင်းကလေးတွေဆီကရတဲ့မုန့်ကို အန်တီလျှိုလက်ထဲထည့်ပေးနေကျ။ ဪ.. အန်တီလျှိုကိုထပ်ပြီး အပျိုကြီးလို့မခေါ်သင့်တော့ဘူး.. သူမက နောက်တစ်ပတ်မှာ သူ့ထက်ငယ်တဲ့လူတစ်ယောက်နဲ့လက်ထပ်တော့မှာလေ။

ကြားရတာကိုရှောင်းကျန့် ဝမ်းသာပါတယ်။ ဒီအရွယ်ထိ သူက သူများလက်ထပ်ပွဲတွေပဲတက်ခဲ့တာဖြစ်တယ်။ ပထမဆုံးတက်တဲ့ပွဲက ဟောက်ရွှမ်းနဲ့ကျိယန်တို့လေ။ ပွဲနေ့မှာ ဗရုတ်ကျခဲ့တဲ့အချိန်တွေပြန်တွေးမိတော့ ရှောင်းကျန့်မျက်နှာကပြုံးတယ်။

အတွေးနဲ့အတူ အခန်းတံခါးကိုဆွဲဖွင့်လိုက်တော့ မတ်တပ်ရပ်နေတဲ့မားနဲ့တိုးတယ်။

" အား! မား လန့်လိုက်တာ "

" ဒီကိုကြည့်ပါအုံး ဘာလေးလဲ "

ဓာတ်ပုံသေးသေးလေးကို ရှောင်းကျန့်မျက်နှာရှေ့လှုပ်ပြပြီးပြောတဲ့အခါ ရှောင်းကျန့်မှာကြုံဖူးနေကြကိစ္စမို့ ထွေထွေထူးထူးမပြောတော့ဘဲ မျက်နှာသစ်ဖို့ရေချိုးခန်းဆီသွားတယ်။ သူမကလက်မလျော့ဘဲ နောက်ကနေတကောက်ကောက်လိုက်ပါလာပြီး တံခါးပေါက်မှာမတ်တပ်ရပ်လို့ မှန်ထဲကနေ ရှောင်းကျန့်ကိုကြည့်ပြောပါလိမ့်မယ်။

" ဒီကလေးမက သွားဆရာဝန်လေ.. မင်းအန်တီလျှိုရဲ့တူမအသိ "

ရှောင်းကျန့်က သွားကိုခပ်ကြမ်းကြမ်းဖိတိုက်နေပြီးဖြူဖြူမြှုပ်တွေပါးစပ်ထဲအပြည့်နဲ့ပြောလိုက်တယ်။

Learning How To Love《 Completed 》Where stories live. Discover now