•2•

10K 1K 9
                                    

Unicode

" ဘယ်သူလိုက်ပို့တာလဲ သား "

အိမ်တံခါးဖွင့်ဝင်လာတော့ ထိုင်စောင့်နေပုံရတဲ့မားက သူ့နားလျှောက်လာပြီးကြိုတယ်။ နာရီကိုလှမ်းကြည့်လိုက်တော့ ဆယ်နာရီထိုးတော့မယ် ဒါတောင်မားက မအိပ်ဘဲသူပြန်လာတာကိုစောင့်နေတာ။

" သူငယ်ချင်းပါ သားတို့ကျောင်းကပဲ ကျိရန်တို့ရဲ့အတန်းဖော် "

" ဟုတ်ပါပြီ.. သောက်လာတယ်မဟုတ်လား အခန်းထဲသွားနားတော့ ပျားရည်ဖျော်ပြီး မားလာပို့ပေးမယ် "

" ကောင်းပါပြီဗျ "

ပါးတစ်ဖက်ကိုလှမ်းမွှေးရင်းမှ သူ့အခန်းထဲဝင်သွားလိုက်တယ်။ 

လွယ်ထားတဲ့အိတ်ကိုစာကြည့်စားပွဲပေါ်လှမ်းတင်ပြီး ကုတင်ပေါ်ငူငူငိုင်ငိုင်ထိုင်ချလိုက်တဲ့ ရှောင်းကျန့်က သူ့လက်နှစ်ဖက်ကိုရှေ့ထုတ်ကာမြှောက်ပြီးဖြန့်လျက်လက်ဖဝါးတွေကိုကြည့်တယ်။

ဒီလက်တွေက ဝမ်ရိပေါ်ရဲ့ခါးကိုဖက်လာတာ မယုံနိုင်သေးဘူး။

' ကိုင်ရုံနဲ့ဆိုမင်းပြုတ်ကျသွားလိမ့်မယ် ' ဆိုပြီးခါးကိုကိုယ်တိုင်ဖက်ခိုင်းခဲ့တဲ့ဝမ်ရိပေါ်ရဲ့အသံခပ်ရှရှကိုပြန်ကြားယောင်တိုင်း ပြုံးတုံ့တုံ့။

မဟုတ်သေးပါဘူး။ ဒါပုံမှန်ပဲမဟုတ်လား
ဆိုင်ကယ်စီးရင်ဖက်ရတာလူတိုင်းကြုံနေကြပဲကို သူတစ်ခါမှမစီးဖူးခဲ့တာနဲ့ အထူးအဆန်းလိုတွေးနေမိနေပြန်ပြီ။

ပြုံးလိုက်မဲ့လိုက် ကိုယ့်ခေါင်းကိုယ်ထုလိုက်နဲ့ ရှောင်းကျန့်ပုံက အူကြောင်ကြောင်နိုင်စွာ။

" တင် ! "

ဖုန်းထဲစာဝင်တဲ့အသံကြောင့်ဖွင့်ကြည့်မိတော့ group chat ထဲမှာကျိုးချန်တို့တွေစကားပြောနေကြပြီ။

[ ယွီပင်း: @ဟောက်ရွှမ်း ကျိရန်ကိုမင်းအိမ်ခေါ်သွားတာတော့မဟုတ်ဘူးမှတ်လား ဟားဟား ]

[ ဟောက်ရွှမ်း: ပေါက်ကရတွေရပ်စမ်း ]

[ ကျိုးချန်: မင်းဝန်ခံမယ့်နေ့ကိုစောင့်နေမယ် ]

Learning How To Love《 Completed 》Där berättelser lever. Upptäck nu