•24•

6.6K 827 9
                                    


Unicode


ရှောင်းကျန့်နဲ့ပထမဆုံးလူချင်းတွေ့ရမယ့်ခံစားချက်ကနည်းနည်းတောင်မဟုတ်ဘူး တော်တော်လေး သူ့အတွက်စိတ်လှုပ်ရှားစေတယ်။ ဆိုင်ရှေ့မှာရောက်နေတာတောင်မဝင်ခဲ့ဘဲ မြင်လို့ရတဲ့နေရာတွေက ဟိုချောင်းဒီချောင်းအရင်ချောင်းရတယ်။

လူစုံနေပြီး သူတစ်ယောက်ထဲကျန်တော့တဲ့အခါမှဝင်လာလိုက်တယ်။ ရောက်တာနဲ့ ကျိုးချန်ကတန်းမေးတာပဲ။

" ဘာလဲ ရှောင်အာ ကိုချော့နေလို့ နောက်ကျရတာလား "

" နေစမ်းပါ လမ်းတွေပိတ်နေလို့ "

ရှောင်အာကိုဘာလို့သူနဲ့အထင်တွေလွဲနေရလဲနားမလည်နိုင်ပါဘူး။ ရှောင်အာကဖြင့်သူ့ရည်းစားတွေနဲ့တောင်တွဲမနိုင်ပြတ်မနိုင်။

" ဪ ရိပေါ် ဒါက ရှောင်းကျန့်တဲ့ ငါတို့ကျောင်းကပဲနှစ်လည်းတူတယ် ပန်းချီမေဂျာက "

ဘယ်သူထနှုတ်ဆက်ပေးမလဲလို့ ရိပေါ်တိတ်တိတ်လေးစောင့်နေခဲ့တာ။ ယွီပင်းကအရင်စတာပဲ။ သူအစက ပြန်စကားပြောဖို့ပါပဲ ဒါပေမယ့် ရှောင်းကျန့်နဲ့နီးနီးကပ်ကပ်ရှိနေတဲ့အပြင် အကြည့်ချင်းဆုံရတာက အတော်လေးအခက်တွေ့စေတယ်။

အဲ့တာကြောင့် သူခပ်မြန်မြန်အကြည့်လွှဲပစ်လိုက်တာ။ ပြီးတော့ သူရှောင်အာဆီစာတွေပို့ခဲ့တယ်။

[ ငါရှောင်းကျန့်ဘေးနားမှာထိုင်ခွင့်ရတယ် ]

[ စကားတော့မပြောရသေးပေမယ့် အဆင်ပြေပါတယ် ]

[ သူက ပိုပြီးချစ်ဖို့ကောင်းလာသလိုပဲ ]

[ နင်ပြောသလို သူအဲ့လောက်ကြီးမပိန်ပါဘူး .. သူက ကြည့်လို့အကောင်းဆုံးပဲ နင့်မျက်လုံးတွေသွားစစ်ကြည့်လိုက်အုံး ]

bar ကနေအသီးအသီးပြန်ကုန်ကြတော့ ဝမ်ရိပေါ်က အချိန်ဆွဲပြီးစက်ကိုတမင်မနှိုးသေးတာ။ လိုက်ပို့ခိုင်းပေမယ့် ရှောင်းကျန့်ကငြင်းတယ်လေ။ သူက ဒီတိုင်းလွှတ်လိုက်စရာလား။

" ဒါဆိုကျွန်တော်လည်းသွားတော့မယ် ဂရုတစိုက်မောင်းပါဗျ.. "

ရှောင်းကျန့်က သူ့ကိုနှုတ်ဆက်လာတဲ့အချိန်မှာပဲ သူက ဆိုင်ကယ်ကိုရှေ့ကနေပိတ်ရပ်ခဲ့တာ။

Learning How To Love《 Completed 》Where stories live. Discover now