•9•

7.7K 923 24
                                    

Unicode

" ကျန့်ကျန့်.. ဘယ်သူ့အတွက်ချက်နေတာလဲ "

မီးဖိုချောင်ထဲမှာ ညဘက်ကြီးဝင်ချက်ပြုတ်နေတဲ့ကျွန်တော့်ကြောင့် အခန်းထဲဝင်နားနေတဲ့မားကိုတောင်နှိုးမိသွားပြီထင်တယ်။ ကျိုလက်စဆန်ပြုတ်ကိုမီးလျော့ထားလိုက်ပြီး အပေါ်ကနေ လှီးထားတဲ့ ကြက်သွန်မိတ်နဲ့ နံနံပင်ကိုအုပ်လိုက်တယ်။

" ဆေးရုံကသူငယ်ချင်းအတွက် "

" မား ဘာလုပ်ပေးရအုံးမလဲ "

" ပြီးပြီမား သွားနားတော့နော် ဒီညနည်းနည်းနောက်ကျမယ် ဒါသွားပေးရုံပါပဲ "

ဝမ်ရိပေါ်တစ်ယောက်ဆေးရုံကအစားအစာတွေမစားဘူးလို့ကြားတာနဲ့ ရှောင်းကျန့်မှာ မနေနိုင်မထိုင်နိုင်အိမ်အစားအစာကိုယ်တိုင်လုပ်ပေးမိပြန်ရော။ ညစာတစ်ခုအတွက်နဲ့ သေချာထုပ်ပိုးထားတဲ့ဘူးကိုသယ်ရင်း ဆေးရုံဆီထပ်သွားရတယ်။

အဖေဖြစ်သူပြန်သွားထဲက မျက်နှာလည်းမကောင်းသလိုစကားလည်းသေချာမပြောတဲ့ ရိပေါ်က ကုတင်ပေါ်မှာစောင်ခြုံပြီးတော့ကို တစ်ဖက်လှည့်အိပ်နေတာပဲ။ သူငယ်ချင်း တွေရဲ့အမေးကို ပင်ပန်းလို့ ဆိုတဲ့စကားတစ်ခွန်းနဲ့သာတုန့်ပြန်တယ်။

အဖေဌားပေးခဲ့တဲ့ သူနာပြုကိုအော်ဟစ်မောင်းထုတ်တဲ့အပြင် ဘယ်သူနာပြုမှမဝင်ခိုင်းတဲ့ ဝမ်ရိပေါ်က ပတ်တီးစည်းထားတဲ့ခြေထောက်တစ်ဖက်နဲ့တောင် အတော်လေးခေါင်းကြောမာနေတုန်း။

ကျွန်တော့်ကိုပါ ထိုနည်းတူအော်ထုတ်ရင်ဘယ်လိုလုပ်မလဲ။

အခန်းရှေ့ရောက်မှ လက်ထဲကညစာထုပ်ကိုကျစ်နေအောင်ကိုင်ထားရင်း အထဲဝင်ဖို့တွန့်ဆုတ်နေရတယ်။ စေတနာနဲ့လာပေးတယ်ဆိုပေမယ့် ဝမ်ရိပေါ်က နားလည်ရခက်တဲ့လူဂွစာလေ။

အတွေးတွေကိုမောင်းထုတ်လိုက်ပြီး ရှောင်းကျန့်က ဆေးရုံတံခါးကိုတွန်းဖွင့်လိုက်တယ်။

" ...... "

ကုတင်ပေါ်က ဝမ်ရိပေါ်နဲ့ ရှောင်အာရဲ့ ကို့ရိုးကားယားအနေအထားကြောင့် သူခြေလှမ်းတွေရှေ့ဆက်မတိုးတော့ဘူး။ တံခါးမခေါက်မိတဲ့ကိုယ့်ကိုယ်ကိုသာအပြစ်တင်လိုက်တယ်။

Learning How To Love《 Completed 》Onde as histórias ganham vida. Descobre agora