•29•

6.9K 827 11
                                    

Unicode

" မိုးက ဘာလို့ထရွာရတာလဲ "

ရှောင်းကျန့်က အမိုးပေါ်ကနေတစ်ပေါက်ချင်းကျနေတဲ့ရေစက်လေးတွေကိုလက်နဲ့ခံထားပြီးပြောလိုက်တယ်။ ရေစက်တွေလက်ထဲမှာပြည့်လာတဲ့အခါ လျှံကျကုန်ပြီး ရေတွေက သူ့လက်တစ်လျှောက်စီးကာ အဝတ်ထဲပါဝင်ကုန်တယ်။

" ရာသီဥတုကဒီလိုပဲ.. ကိုယ်သေချာကြိုကြည့်ခဲ့သင့်တာ အခုတော့မင်းကိုမိုးမိစေပြီ "

ရေစက်တွေခံနေတဲ့လက်ကို ဝမ်ရိပေါ်ကဆွဲကာ ရေတွေစင်အောင်လှုပ်ခါပြီး သူ့ကိုယ်ပေါ်က အဝတ်နဲ့ပဲသုတ်စေတယ်။ သူတို့တွေမားရဲ့အုတ်ဂူမှာ ရှောင်းကျန့်နဲ့နှုတ်ဆက်ပေးတွေ့ကာကန်တော့ပြီးတာနဲ့ ပြန်လာတဲ့တစ်လျှောက်မှာ မိုးက တဝုန်းဝုန်းရွာချနေတာမျိုးမဟုတ်ပေမယ့် စိုနိုင်လောက်တဲ့အနေအထားမို့ အနီးအနားက ကားဂိတ်အဟောင်းတစ်ခုမှာဝင်ခိုနေကြခြင်းဖြစ်တယ်။

" ကျွန်တော်ပျော်ပါတယ် "

" ဒီလိုအခြေအနေကိုလေ? "

" အင်း ရိပေါ်နဲ့အတူတူရှိတယ်လေ "

ထိုစကားကိုကြားတဲ့အခါပြုံးသွားရင်း ကိုယ်ပေါ်ကအပေါ်ဝတ်ကိုချွတ်လိုက်ပြီး ရှောင်းကျန့်ကိုဝတ်စေတယ်။ အပြင်မှာ မိုးရွာတာကြောင့်တိမ်တိုက်တွေက အလင်းရောင်ပျောက်နေပေမယ့် အချိန်အားဖြင့် သုံးနာရီကျော်ဝန်းကျင်သာရှိသေးတယ်။

ပါးပြင်နဲ့နှုတ်ခမ်းတွေဆီအချိန်အတော်ကြာနူးနူးညံ့ညံ့ထိတွေ့နေတဲ့ ဝမ်ရိပေါ်ရဲ့လက်ချောင်းတွေကြောင့်သူက ထုတ်မပြောဘဲမနေနိုင်တော့လောက်အောင်ဖြစ်သွားပြီး..

" ရိပေါ် အခုကျွန်တော့်ကိုနမ်းချင်နမ်းလို့ရပါတယ် "

ထိုအခါဝမ်ရိပေါ်ကအသည်းယားစွာပါးတစ်ဖက်ကိုဖြှစ်ညှစ်လိုက်တယ်။ သူ ငြိမ်ပြီးတွေးနေမိတာက ရှောင်းကျန့်နဲ့အတူရှိရင်သူ့ခံစားချက်တွေ၊ ပြောစရာတွေကအများကြီးရင်ထဲပြည့်ကျပ်နေပေမယ့် တကယ့်တကယ် ဘာမှထွက်မလာတာကြောင့် ဘယ်လိုမျိုးဖော်ပြရမှန်း သူ မသိဘူး။

" ကိုယ်.. "

စကားနဲ့တော်တော်နဲ့မထွက်လာတဲ့အခါ ရှောင်းကျန့်မျက်လုံးတွေက သိသိသာသာအာရုံစိုက်လာပြီး ငြိမ်သက်လို့နေတယ်။ ဝမ်ရိပေါ်ရဲ့လည်စလုတ်က တစ်ချက်တစ်ချက်တံထွေးမြိုချမိနေတာကြောင့်အထက်အောက်လည်းရွေ့လျားနေတယ်။

Learning How To Love《 Completed 》Where stories live. Discover now