•18•

7.2K 965 21
                                    

Unicode

" အ.. အွန်း "

ရှောင်းကျန့်ရဲ့ကျောပြင်က စာအုပ်စင်နဲ့ကပ်သွားတယ်။ ရိပေါ်ကအလောတကြီးနိုင်နေပြီး အငမ်းမရဖြစ်နေပုံပေါ်တာကြောင့် ရှောင်းကျန့်နှုတ်ခမ်းတွေတောင်နာလာတယ်။ ရိပေါ်ကသူ့ပုခုံးနှစ်ဖက်ကိုဖိကိုင်ထားပြီး အတင်းနမ်းနေတာနဲ့တောင်တူတယ်။

သူ့နှုတ်ခမ်းတွေတောင်မကဘဲ သူ့လျှာကပါထုံလာပြီးနာကျင်လာပေမယ့် ရိပေါ်ရဲ့ပြင်းပြင်းပျပျဖြစ်နေတဲ့ပုံစံကြောင့်ရုန်းကန်ခြင်းလည်းမပြုလိုက်နိုင်ဘူး။ ပြန်ပြီးအလိုက်သင့်တုန့်ပြန်ပေးရတယ်။

ခါးတွေဆီရစ်ပတ်လာတဲ့လက်တွေက အဝတ်ပေါ်ကနေပွတ်သပ်ဖြတ်ပြေးလာတာနဲ့တင်မရပ်ဘဲ အဝတ်အောက်တိုးဝင်လာတဲ့အခါမှာတော့ ရှောင်းကျန့် ​တုန်သွားတယ်။ ခါးတစ်လျှောက်ဖြှစ်ညှစ်လာတဲ့လက်တွေကပူလောင်နေပြီး နေရာအနှံ့စူးစမ်းရှာဖွေလာတယ်။

" ရိ ပေါ်.. "

ဒါနဲ့ပတ်သတ်ပြီးရှောင်းကျန့်အနေနဲ့ တကယ်ကို ပြင်ဆင်ထားမှုမရှိတာမို့ ကြောက်သလိုရပ်တန့်ပစ်ချင်သလိုသာခံစားနေရတယ်။ ရိပေါ်ကလည်တိုင်တွေဆီတိုးကပ်သွားတာနဲ့ ခပ်ကြမ်းကြမ်းစုပ်ယူပြန်တယ်။ ရှောင်းကျန့်ရဲ့လက်နှစ်ဖက်လုံးက ရိပေါ်ရဲ့လည်ပင်းပေါ်တင်းနေအောင်ဖက်ထားရင်းပေးသမျှခံယူတယ်။

သူတို့ခန္ဓာကိုယ်တွေကထိတွေ့ပူးကပ်နေပြီး ရိပေါ်ရဲ့ အောက်ပိုင်းကအထိအတွေ့ကိုလည်းပူလောင်မတတ်ခံစားလာရတယ်။

" .... "

တုန်ခါပြီးထမြည်လာတဲ့ဖုန်းကြောင့် ဝမ်ရိပေါ်လည်းရပ်တန့်သွားသလိုရှောင်းကျန့်လည်းမျက်လုံးတွေပွင့်သွားတယ်။ အိမ်မက်ကနေနှိုးထလာတဲ့လူတွေလိုသူတို့မှာမျက်နှာတွေလွှဲကြတယ်။ လွှတ်ပေးသွားတဲ့ရိပေါ်ကိုအားနာသလိုတစ်ချက်ကြည့်ပြီးမှဖုန်းကိုယူတယ်။

" မားဆီက "

" အင်း ကိုင်လိုက် "

ရှောင်းကျန့်က ဖုန်းကိုဖွင့်လိုက်ပြီးထူးလိုက်တော့ ရိပေါ်က ရေချိုးခန်းဘက်လျှောက်သွားတာကို ကြားလိုက်ရတယ်။

Learning How To Love《 Completed 》Where stories live. Discover now