•3•

8.5K 1K 9
                                    

unicode

ပွဲမစခင်မှာဘဲအချိန်လေးမှာပဲ ကျောင်းရဲ့ဂီတခန်းမထဲမှာလူတွေပြည့်သွားလို့ ရှောင်းကျန့်တအံ့တသြ။ ဂီတမေဂျာတစ်ခုထဲလာကြည့်တာတော့မဖြစ်နိုင်ဘူး။ မိန်းကလေးအများစုဖြစ်တာကြောင့် ရှောင်းကျန့်နေရောလေးတောင်ပျောက်လုမတတ်။ ရှေ့နားထောင့်မှာအစောကြီးထဲကနေခဲ့ရလို့တာတော်သေးတယ်။

ဒီလိုအချိန်မှ သူ လာမိရင် ဒီကြားထဲမှာဖွက်ဖွက်ညက်ညက်ကြေသွားနိုင်တယ်။

ပွဲစတဲ့အချိန်ရောက်တော့ စင်ပေါ်ကကောင်ချောလေး လေးယောက်ကိုမြင်တော့ အောက်ကကောင်မလေးတွေရဲ့အော်သံက အုံးအုံးကြွကြွ။

သူ မသိခဲ့ဘူး။ ကျောင်းမှာဒီလိုပွဲတွေရှိတာကြားတတ်ပေမယ့် ကျိရန်ပါနေတဲ့အဖွဲ့ကဒီလောက်ထိနာမည်ကြီးလိမ့်မယ်လို့လေ။

ဒီနေ့​ဖျော်ဖြေမယ့်အဖွဲ့က ငါးဖွဲ့လို့ကြားတယ်။ ကျိုးချန်ခေါင်းဆောင်တဲ့အဖွဲ့က ပထမဆုံးဖျော်ဖြေနေတာမို့ ရှောင်းကျန့်ကဒါပြီးတာနဲ့ အတန်းသွားတက်ရတော့မှာ။

အချစ်သီချင်းခပ်မြူးမြူးကိုမှ အားလုံးဟန်ချက်အညီသူ့အပိုဒ်နဲ့သူဆိုနေကြပေမယ့် သီချင်းတစ်ပုဒ်လုံးကိုဆိုမယ့်ပုံမရတဲ့ ဝမ်ရိပေါ်က ဂီတာဆီကိုသာစိတ်နှစ်ထားပြီး နှုတ်ခမ်းလေးတွေလှုပ်ရုံခပ်တိုးတိုးလိုက်ဆိုနေတာကိုလည်း ရှောင်းကျန့်သေသေချာချာကြည့်တယ်။

" ဝမ် ရိ ပေါ် !! ဝမ် ရိ ပေါ် !! "

သူ့နားထဲမှာအော်ဟစ်နေတဲ့အသံတွေထဲရိပေါ်နာမည်ကခပ်များများ။ မဆန်းပါဘူး။ ဒီလူကပြီးပြည့်စုံနေတာ သဘောကျတဲ့လူအများကြီးရှိမှာပဲ။

ရှောင်းကျန့်စိတ်လွတ်ကိုယ်လွတ်ငေးမောရင်း ကိုယ့်ကိုယ်ကိုသိမ်ငယ်လာသလိုခံစားလာရတယ်။ အခုဝမ်ရိပေါ်ကတောက်ပနေတဲ့ကြယ်လေးတစ်ပွင့်လိုပဲ။ သူကတော့.. အင်း သူကတော့ ထိုကြယ်ကိုမော့ကြည့်နေတဲ့သာမန်လူအများကြီးထဲကလူတစ်ယောက်။ ဝမ်ရိပေါ်က ဘာအတွက်ကြောင့် သူ့တစ်​ယောက်ထဲကို ကွက်မြင်နိုင်ပါလိမ့်မလဲ။

" ရိပေါ်အရမ်းမိုက်တယ် မဟုတ်လား "

ဘေးနားရောက်လာတဲ့ယွီပင်းအသံကြောင့် ရှောင်းကျန့် အကြာကြီးငေးနေမိတာကိုသိသွားမလားဟု စိုးရိမ်ရှက်မိတာနဲ့ အူကြောင်ကြောင်နိုင်တဲ့အပြုံးတွေနဲ့ခေါင်းသာညိမ့်ရတယ်။

Learning How To Love《 Completed 》Where stories live. Discover now