အပိုင်း(၅၉)

ابدأ من البداية
                                    

စုရန်ရဲ့စိတ်ထဲမှာတော့ ကိုယ်ဝန်မြန်မြန်ရဖို့ဆိုတဲ့ လှုံ့ဆော်မှုတွေနဲ့ဘဲပြည့်နေတယ်။

သူမရှက်တာတွေ တခြားအမူအယာတွေပြနေဖို့အချိန်မရှိဘူး။အဲ့တာတွေကိုသူမတွေးမနေနိုင်ဘူး။

သူ့အနားကိုသူမတိုးလာပြီး သူတို့နှစ်ယောက်ရဲ့အရပ်ကွာဟမှုကြောင့် သူ့ကိုမော့ကြည့်နေရတယ်။

သူမခြေဖျားလေးထောက်လိုက်ပြီး သူ့လည်ပင်းကိုလှမ်းဖက်လိုက်တယ်။ပြီး‌တော့သူ့နားနားကိုကပ်ပြီး သူမတိုးတိုးလေးပြောလိုက်တယ်: 'စုန့်ထင်ယွီ ကျွန်မကိုချီပေး'

သူမစကားဆုံးတာနဲ့ချက်ချင်းသူမလေပေါ်ကိုမြောက်တက်သွားတယ်။စုန့်ထင်ယွီသူမကိုချီပြီး လှည့်လိုက်တယ်။ပြီး‌တော့မှသူမကိုသူနံရံမှာကပ်ထားတယ်ဆိုတာကိုသတိပြုမိသွားတယ်။

သူမရဲ့ဘာမှမဝတ်ထားတဲ့နောက်ကျောကနံရံနဲ့ကပ်နေတယ်။

အခန်းထဲမှာအပူပေးစက်ဖွင့်ထားပေမယ့်လဲ အပြင်မှာအရမ်းကိုအေးနေတော့ သူမခိုက်ခိုက်တုန်နေမိတယ်။

သူမအခြေအနေကိုစုန့်ထင်ယွီသိသွားတော့ အိပ်ယာပေါ်ကိုပြန်ပြီးချီလာလိုက်တယ်။သူ့ရဲ့လက်တွေကသူမနဖူးလေးကနေစပြီးတစ်မျက်နှာလုံးကိုပွတ်သက်နေတယ်။

သူမမျက်တောင်ရှည်ကြီးတွေတောင်တုန်ယင်နေတယ်။

အေးလှတဲ့ရာသီဥတုကြောင့်လားဘာလားတော့မသိပါဘူး။

နောက်ဆုံးသူနမ်းတော့မလို့ငုံ့လာတော့သူမမျက်နှာလွှဲလိုက်တယ်။

သူမကိုမနမ်းစေချင်ဘူး။

အခုအချိန်မှာစုန့်ထင်ယွီမျက်လုံးထဲမှာမီးတောက်‌တွေနဲ့ပြည့်နေတယ်။သူ့မကသူ့ကိုမနမ်းစေချင်ဘူးဆိုရင် သူကတော့နမ်းမှာဘဲ။အဲ့ဒါကြောင့် သူမမေးဖျားလေးကိုကိုင်ပြီးမျက်နှာလေးကိုသူ့ဘက်ကိုလှည့်လိုက်ကာ သူမနှုတ်ခမ်းလေးကိုနမ်းလိုက်တယ်။

'.....'  စုရန်မျက်မှောင်ကြုတ်လိုက်ပြီး လက်သီးလေးတွေဆုပ်ကာသူ့ကျောကိုထုလိုက်တယ်။ဒါပေမယ့်လဲသူ့ကိုမတားနိုင်ခဲ့ဘူး။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးحيث تعيش القصص. اكتشف الآن