အပိုင်း(၅၇)

Start from the beginning
                                    

စုဟုန်လာရတဲ့အကြောင်းကိုချောင်ချောင်ပြောချင်တာစုရန်သိတယ်။သူဝမ်ရှီကိုကြည့်ဖို့ လာတာမှမဟုတ်တာ။

စုရန်‌ဘေးဆံပင်တွေကိုသပ်လိုက်ပြီး: 'သူ့ကသမီးအပြစ်တင်ဖို့ အရည်အချင်းမရှိပါဘူး'

ချောင်ချောင်မျက်လုံးတွေအေးစက်သွားပြီး: 'အဲ့ဒါဆိုရင်လဲငါ့ကိုဘဲအပြစ်တင်လိုက်ပါ။သူ့ဆီကိုနှလုံးသားတစ်ခုလုံးပုံအပ်ထားတဲ့ငါ့ကိုဘဲအပြစ်တင်လိုက်ပါ'

သူမစကားကိုစုရန်ဂရုမစိုက်တော့ဘူး။ဒီနှစ်တွေမှာစကားတွေအများကြီးပြောခဲ့တာ‌တောင်အသုံးဝင်ခဲ့လို့လား?သူမကိုဘယ်လောက်ဘဲရွေးချယ်ခိုင်းပါစေ စုဟုန်သာသူမဘဝအတွက်အရေးကြီးဆုံးဖြစ်မှာဘဲ။

'အမေ အဲ့ဒါတွေမပြောပါနဲ့တော့။သူခုတလောအမေ့အပေါ်ကိုကောင်းလား?'

'ကောင်းပါတယ်' ချောင်ချောင်ခေါင်းညိတ်ပြလိုက်တယ်။သူမအခု‌စုဟုန်ဘေးနားမှာနေနိုင်တာကစုရန်ကြောင့်ဆိုတာကိုသူမလက်ခံတယ်။ဘာလို့ဆိုစုဟုန်ကစုရန်ဆီကနေအကျိုးအမြတ်ကိုသူချောင်ချောင်ကိုဓါးစာခံလုပ်ပြီးအမြဲတောင်းနေခဲ့တာ။

စုရန်ကိုလဲစုဟုန်အမြဲခြိမ်းခြောက်နေတာကိုသူမမလိုချင်ဘူး။ဒါပေမယ့်လဲသူမစုဟုန်ဘေးကနေထွက်မသွားနိုင်ဘူး။

'အဲ့ဒါဆိုရင်ကောင်းပါတယ်' ချောင်ချောင်ကဒီလိုအမြဲနေချင်နေခဲ့တာမဟုတ်လား?သူမပျော်နေရင်ပြီးတာဘဲ။

စုဟုန် သူမကိုစိတ်ရင်းနဲ့ကောင်းပေးတာမဟုတ်တာတောင်ပေါ့။

စုန့်ဝမ်ရှီစွပ်ပြုတ်ပန်းကန်လေးကိုကိုင်ကာထိုင်ခုံသေးသေးလေးမှာချစ်စရာကောင်းစွာထိုင်နေတဲ့ဆီကို ချောင်ချောင်သွားလိုက်တယ်။သူမသက်ပြင်းချလိုက်ပြီး: 'ဝမ်ရှီကတကယ့်ကိုလိမ္မာတဲ့ကလေးဘဲ'

စုရန်လဲသူမသားကိုကြည့်လိုက်တယ်။သူမခေါင်းညိတ်ပြလိုက်ပြီး ထောက်ခံလိုက်တယ်: 'အင်း'

'ဒါကြောင့်သမီးသူ့ကိုကောင်းအောင်လုပ်ပေးရမယ်။ချောင်ချောင် စုရန်ဘက်ကိုလှည့်ကြည့်လိုက်ပြီး: 'သတင်းကောင်းမရှိသေးဘူးလား?'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now