အပိုင်း(၅၁)

Start from the beginning
                                    

စုရန်လဲသူမဘာလုပ်နေမိမှန်းမသိဘူး။ဒါပေမယ့်စုန့်ထင်ယွီ သူမအနားကိုကပ်လာရင် သူမအလိုလိုရုန်းနေမိတယ်။ဘာလို့ဆိုဒီလိုအချိန်ဖြစ်တဲ့အချိန်တိုင်း သူမစိတ်ထဲမှာ ပိုင်ချီရွေ့နဲ့စုန့်ထင်ယွီတို့အတူတူရှိနေတာကိုမြင်ယောင်လာလို့။

စောစောတုန်းကတောင်သူ ပိုင်ချီရွေ့ကိုဖက်လာပြီး သူမရဲ့ကိုယ်နံ့တွေစွဲနေတယ်လို့သူမခံစားမိနေလို့။တခြားမိန်းမပိုင်ဆိုင်တဲ့ရင်ခွင်ထဲမှာသူမမနေချင်ဘူး။

သူမအရမ်းကိုရွံတယ်လို့ခံစားရတယ်။

အဲ့ဒီနှစ်တုန်းကစုဟုန်လဲအဲ့ဒီအတိုင်းဘဲ။သူလက်ထက်ထားပြီးပေမယ့်သူမအမေနဲ့အပြင်မှာဖောက်ပြန်ကြတယ်။

အဲ့ဒီတုန်းကယောက်ျားတွေရဲ့ကတိကမယုံကြည်ရဘဲအလိမ်အညာတွေလို့ သူမခံစားမိတယ်။သူ့တို့ကတိကိုသူတို့ဖြည့်ဆည်းခဲတယ်။

ချောင်ချောင်ရဲ့ခြေရာကိုသူမမနင်းဘူးလို့ကျိန်ခဲ့ပေမယ့် အခုတော့သူမရဲ့ခြေရာအတိုင်းလိုက်နင်းနေမိပြီထင်တယ်။

သူမကတော့ချောင်ချောင်နဲ့နေရာချင်းတော့ကွာတာပေါ့။

စုရန်ဒီလိုအခြေအနေမျိုးမှာမနေချင်ပေမယ့် စုန့်ဝမ်ရှီကြောင့် သူမနေနေရတယ်။

သူမထရပ်ချင်ပေမယ့် စုန့်ထင်ယွီသူမကိုမလွှတ်ပေးဘူး။သူတို့နှစ်ယောက်စလုံးဘာမှမပြောဘဲနေနေကြတုန်း ကုတင်ကနေအသံတိုးတိုးလေးကိုကြားလိုက်ရတယ်။

စုန့်ထင်ယွီကိုသူမအားနဲ့တွန်းလိုက်ပြီး ကုတင်ဘေးကိုသွားလိုက်တယ်။

စုန့်ဝမ်ရှီကိုယ်လေးလှုပ်သွားပြီး သူ့လက်လေးတွေကလက်သီးလေးဆုပ်ထားတော့ သူ့လက်လေးကိုစုရန်ကိုင်လိုက်ပြီး: 'ဝမ်ရှီ နိုးလာပြီလား?'

'မေမေ' စုန့်ဝမ်ရှီမျက်လုံးကိုမဖွင့်သေးဘဲခေါ်လိုက်တယ်။

'မေမေဒီမှာရှိတယ်။ဝမ်ရှီ အဆင်ပြေရဲ့လား?နာနေသေးလား?'

စုန့်ဝမ်ရှီနောက်ဆုံးတော့မျက်လုံးဖွင့်ပြီး ကုတင်ဘေးမှာရပ်နေတဲ့သူ့မိဘတွေကိုကြည့်လိုက်တယ်။သူတို့တွေစိတ်လှုပ်ရှားနေကြတဲ့ပုံဘဲ။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now