[၈၆.၂] တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးကာ အတူတကွသေဆုံးကြမည်။

1.6K 316 6
                                    

!unicode!

အခန်း(၉၃) တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးကာ အတူတကွသေဆုံးကြမည်။ - (၂)

........

ကျန်းရွှင်းယီသွေးအန်လိုက်သည်ကို ယွင်ရှဲ့မြင်လိုက်ရသည့်တစ်ခဏတွင် သူအရမ်းကြောက်မိသွားသဖြင့် သူ၏ဝိညာဥ်ပါလွင့်သွားသည်ဖြစ်ရာ ဆရာတော်ဝူလုပြောသည့်အကြောင်းကို သူဘယ်လိုလုပ်ပြီးအရေးစိုက်နိုင်ပါ့မည်နည်း။ သူ့အားကူညီပေးရန်ပြေးလွှားသွားပြီးနောက် စိုးရိမ်စွာပြောမိသည်။
"အားရွှင်း၊ ကိုယ်တောင်းပန်ပါတယ်။ ကိုယ်မရည်ရွယ်...ဘယ်လို၊ မင်းဘယ်လိုနေလဲ။ ကိုယ့်ကိုမခြောက်ပါနဲ့ကွာ..."

သူတို့သည် တစ်ဖက်လူအားရိုက်သတ်တော့မည့်နှယ် တိုက်ခိုက်နေခဲ့ကြကာ မျက်စိတစ်မှိတ်အတွင်းမှာဘဲ တစ်ယောက်ကနောက်ဆုံးတိုက်ကွက်ကို မလုပ်နိုင်သည့်အပြင် နောက်တစ်ယောက်ကလည်း သူ၏လက်မောင်းအတွင်းတွင် ပွေ့ဖက်ခံထားရ၏။ ဒီနှစ်ယောက်ဘာတွေလုပ်နေကြတာလဲ။ ကြည့်ရှုနေသူလူတစ်သိုက်မှာနားမလည်နိုင်ကြပေ။

သူတို့ကြည့်နေရင်းဖြင့် ယွင်ရှဲ့၏ခန္ဓာကိုယ်တောင့်ခဲသွားသည်ကို သူတို့ရုတ်တရက်မြင်လိုက်ကြရသည်။ သူ၏အကြောမှာ ကျန်းရွှင်းယီ၏နှိပ်ခြင်းခံလိုက်ရပေသည်။

"တောင်းပန်သင့်တာငါပါ။ ငါအဆင်ပြေပါတယ်။ ငါမင်းကိုခြောက်ချင်ရုံသက်သက်ပဲ။"

ကျန်းရွှင်းယီဖြေးဖြေးချင်းမတ်တပ်ရပ်ကာ သူ့လက်ကိုမြှောက်လိုက်ပြီး သူ၏နှုတ်ခမ်းမှသွေးကိုသုတ်လိုက်သည်။ သူသည် ယွင်ရှဲ့၏နံဘေးရှိသစ်ပင်ပေါ်ခုန်တက်လိုက်ပြီးနောက်၊ ဆရာတော်ဝူလုကိုပြောရန်လှည့်လာသည်။
"ကျွန်တော်ဝင်သွားပြီနော်။"

သူသည် ယွင်ရှဲ့အားခြောက်ချင်ရုံမျှဖြင့် သွေးတစ်လုပ်အန်စေရန်အလို့ငှာ သူ၏အတွင်းအသက်ရှုခြင်းအားပြောင်းပြန်လှန်ခဲ့ခြင်းဖြစ်၏။ သူအရမ်းကောင်းမွန်စွာမခံစားပေ၊ ထို့ကြောင့် သူဖြေးညှင်းစွာခါးကိုင်းကာ မြေကြီးပေါ်ကဓားကိုကောက်လိုက်သည်။ အဝေးမှကျန်းမော့လုံထံသို့ လက်ဝေ့ရမ်းပြလိုက်ပြီး ဘုရားကျောင်းထဲသို့ဝင်ရန်လှည့်သွားတော့သည်။

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now