[၈၃] အမွှေးနံ့သာတောက်လောင်ခြင်း။

Start from the beginning
                                    

ဤခံစားချက်ကား တကယ့်ကိုအံ့သြဖွယ်ရာကောင်းလှသည်။ ကောင်းလဲ့က ဇီဟွေ့အား သူ့လက်ညှိုးကိုကွေးပြကာ မောက်မာစွာပြောလိုက်သည်။
"ဒီကိုလာခဲ့။"

ဇီဟွေ့က သူ၏ကျေနပ်နေသောမျက်နှာပေးကိုကြည့်ပြီး သူမ၏နှလုံးသားထဲ၌မုန်းတီးမှုများဖြင့်ပြည့်နှက်နေသည့်တိုင် သူမ၏ခေါင်းကိုသာငုံ့ပြီး အရှေ့ကိုနာခံစွာလျှောက်သွားရသောကြောင့် ကောင်းလဲ့ကလက်ဆန့်ကာ သူမအားပွေ့ဖက်လိုက်သည်။

ဤမြင်ကွင်းကား အဝေးမှအပြေးအလွှားရောက်လာသည့်ကျန်းရွှင်းယီနှင့်ကျန်းမော့လုံတို့ မျက်မြင်တွေ့ရှိဖို့ရန်ဖြစ်သွားရသည်။

နှစ်ဦးသား၌ သန်မာသောစိတ်ဝိညာဥ်စွမ်းအားများရှိကာ မြေပြင်ခပ်မြင့်မြင့်တွင်လည်းရပ်နေသောကြောင့် ကောင်းလဲ့နှင့်အခြားသူများအားသတိမကပ်သွားစေဘဲ အရာအားလုံးကိုရှင်းလင်းပီသစွာမြင်နေရပေသည်။ ကျန်းမော့လုံသည်အမြဲတစေသွေးပူဒေါသထွက်လွယ်ကာ ထိုဖြစ်ရပ်ကိုမြင်လိုက်ရတော့ အလွန်ဒေါသထွက်လွန်း၍ ခါးမတ်ကာမြင်းပေါ်မှဆင်းမည်ပြုသည်။ သို့သော် ကျန်းရွှင်းယီ၏လက်မောင်းက သူ၏ရင်ဘတ်အားရုတ်တရက်တားမြစ်လိုက်သည်။
"သူ့နောက်မှာ၁၅မိုင်ရှိတယ်၊ အသံရောဘယ်လိုလဲ။"

ကျန်းမော့လုံတန့်သွားကာ တိုးတိုးမပြောလာခင် တစ်အောင့်မျှအာရုံစိုက်လိုက်သည်။
"အခြားသူတွေ...အများကြီးရှိတယ်။"

ကျန်းရွှင်းယီခပ်လှမ်းလှမ်းကိုကြည့်လိုက်ပေမဲ့ ဘာကိုမှမမြင်မိပေ။ ကောင်းလဲ့၏နံဘေးတွင်ရပ်နေသောဇီဟွေ့အားစိုက်ကြည့်လိုက်ပြီးနောက်တွင် မြင်းဇက်ကြိုးကိုဆွဲကာ ကျန်းမော့လုံကိုအချက်ပြလိုက်သည်။
"လူခွဲပြီးလုပ်ကြမယ်။"

ကျန်းမော့လုံကခေါင်းမငြိမ့်ခင် ကျန်းရွှင်းယီကိုတုံ့ဆိုင်းစွာကြည့်လိုက်ကာ လှည့်ထွက်ပြီးမြင်းကိုဒုန်းစိုင်းစီးသွားတော့သည်။

အခြားတစ်ဖက်၌၊ ကောင်းလဲ့ဟာ ဇီဟွေ့အားနိုင်ထက်စီးနင်းပြုမူလို့မပြီးသေးဘဲ အနောက်ဖက်လင်းယင်ဂိုဏ်းသားများထံလက်ညှိုးထိုးလိုက်သည်။
"ဘယ်ကနေညာကိုတန်းစီပြီးရပ်လိုက်။ ပြီးရင် ထျန်းရွှမ်ဂိုဏ်းကပိုသန်မာတာလား၊ လင်းယင်ဂိုဏ်းကပိုသန်မာတာလားဆိုတာကို တစ်ယောက်ပြီးတစ်ယောက်ပြောကြ။"

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now