"ထင်ရတာပဲ" ချူချူယန် ညင်သာစွာ ပြုံးလိုက်သည်။ "နင့်မှာ တကယ်ကို သွက်လက်တဲ့ လျှာရှိတာပဲ"

"အခုတော့ အဲ့ဒီကိစ္စတွေကို မပြောတော့ဘဲနဲ့ လုပ်လက်စအလုပ်ကို ဆက်လုပ်ရအောင်လေ" ချူချူယန် ကို နမ်းရန် ကပ်မှီလိုက်သည်။
မိမိခန္ဓာကိုယ်၏ အခြေအနေကို အာရုံခံမိလိုက်သောအခါ သူမ အလိုမကျစွာ မျက်မှောင်ကြုတ်လိုက်သည်။

ဒီခန္ဓာကိုယ်က အပြည့်အဝပြန်ကောင်းသွားပြီလို့ ငါထင်ခဲ့တာ။ ဒါပေမယ့် သူက အရမ်းကြီး နှေးလွန်းမနေဘူးလား။ ဒီလောက်အချိန်ကြာပြီးတာတောင် သူ့ရဲ့ ကီသွေးကြောတွေကို ဘာလို့ မကုသနိုင်ရသေးတာလဲ။ ဒီတစ်ချိန်လုံး သူဘာတွေလုပ်နေတာလဲ။

ရွေးချယ်စရာမရှိတော့ဘဲ သူမ ပြန်ကောင်းရန်အတွက် ဇူအန်၏ နောက်တစ်ဖန် ဗုံးကြဲမှုကို သည်းခံရုံသာ ရှိတော့သည်။

သူမသည် ချင်ရာဇဝင် ဧကရာဇ် ၏ မိဖုရားကြီး ဖြစ်သည်။ ထို့ကြောင့် ထိုကဲ့သို့သော ကိစ္စများနှင့် မစိမ်းကားပေ။ အရင်ချိန်က သူမ၏ အဖွားဖြစ်သူ မိဖုရား ရှန်းမီသည် ချင်နိုင်ငံ၏ အနောက်မြောက်ဘက် နယ်မိမိတ် တွင် ကပ်ဆိုးဝင်နေမှုကို ဖြေရှင်းရန်အတွက် သူမ၏ ခန္ဓာကိုယ်ကို ယီချီဘုရင် ထံ ဆက်သကာ သားနှစ်ယောက် မွေးဖွားပေးသည်အထိ ပြုလုပ်ခဲ့သည်။
ချင်နိုင်ငံ ပြန်လည် ဦးမော့လာသောအခါ သူမသည် ယီချီဘုရင် ကို သတ်ရန်အခွင့်ကောင်းရှာခဲ့ပြီး ယီချီမျိုးနွယ်ရန်စွယ်ကို အပြီးသတ်ဖယ်ရှားခဲ့သည်။

၎င်းအဖြစ်သည် ချင်ရာဇဝင် ၏ တော်ဝင်မိသားစု ၏ မိန်းကလေးများအတွက် စံနမူနာဖြစ်ခဲ့သည်။ သူတို့၏ ခန္ဓာကိုယ်သည် ပိုကြီးမားသော ရည်မှန်းချက်အတွက် အသုံးချရန် အရာ၀တ္ထုတစ်ခုထက် မပိုဟု ရှု့မြင်ကြသည်။ မိန်လိသည် ထိုစိတ်ဓာတ်ကို အသားတကျရှိနေသည်ဟု ပြောလို့ရသည်။ သို့သော် ထိုအရာကို သူမ လက်မခံနိုင်ပေ။
သူမသည် ယင်ကျန်းကို သစ္စာဖောက်ခြင်းအပေါ် စိတ်ထင့်ခြင်းအလျင်းမရှိခဲ့ပေ။ အမှန်ဆိုလျှင် သူမသည် သူ၏ အုပ်ဂူကို ပြောင်းပြန်လှန်ပစ်ကာ ဤမြင်ကွင်းအား သူ့ကို မျက်ဝါးထင်ထင် မြင်တွေ့စေချင်သည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now