154

299 45 0
                                    

Chapter 154: နတ်ဘုရားသားရဲ ဝါးမျိုသူ ခွန်း

သို့သော်လည်း ရှီခွန်း၏ လက်ပါးစေများက ဇူအန်ကို ရင်ဆိုင်ရန် ပြင်ဆင်ထားပြီးဖြစ်သည်။ ငါးယောက်အနက် ပိုသန်မာသော လေးယောက်က ဇူအန်ကို တားဆီးရန် ရှေ့တိုးသွားကြပြီး အားအနည်းဆုံးသူက ရှီခွန်းကို အလျှင်အမြန် ဆေးတိုက်နေသည်။

ဇူအန်၏ နားလည်ရခက်သော ခြေလှမ်းသိုင်းနှင့် ဖျတ်လတ်သော ဓားကွက်တို့ကို သူတို့ မြင်တွေ့ခဲ့ရပြီးဖြစ်သည်။ ထို့ကြောင့် သူတို့ သတိလက်လွတ်မနေရဲပေ။ သူတို့၏ လက်နက်များကို ဝှေ့ရမ်းကာ အကာအကွယ်စက်ဝန်းတစ်ခုကို သူတို့၏ အရှေ့တွင် ဖန်တီးလိုက်ကြသည်။ ဇူအန် ကို အနိုင်တိုက်ရန်မဟုတ်ဘဲ သူ့ကို ထိန်းထားရန်သာဖြစ်သည်။

အကြိမ်ရေများစွာ ဇူအန် ကြိုးစားသော်လည်း အတင်း နောက်ပြန်ဆုတ်ခဲ့ရသည်။ ထိုလက်ပါးစေ လေးယောက်သည် ကျင့်ကြံခြင်းအဆင့်တွင် သူ့ထက် ပိုသန်မာသော သူများ ဖြစ်သည်။ ထို့ကြောင့် သူတို့ကို အတင်းအကြပ်အားသုံးကာ ဖြတ်ကျော်ရမည်မှာ ခက်ခဲမည်ဖြစ်သည်။
ထိုအချိန်တွင် အားအနည်းဆုံး လက်အောက်ငယ်သားက ရှီခွန်း အနားသို့ ရောက်သွားပြီဖြစ်ပြီး ဆေးလုံးတစ်လုံး ပေးလိုက်သည်။ ရှီခွန်း မှာ မျက်ရည်လည်ရွှဲဖြစ်နေပြီး နာကျင်မှုကြောင့် ထိုနေရာမှ မထနိုင်ပေ။ တစ်စုံတစ်ယောက်က မစင်က သူ၏ နာကျင်မှုများကို ပျောက်စေမည်ဟု ပြောလျှင် တွန့်ဆုတ်ခြင်း မရှိဘဲ စားမိမည်ဖြစ်သည်။

ဆေးလုံးကို တုန့်ဆိုင်းမနေဘဲ မြိုချလိုက်သည်။ ထို့နောက် တခဏအကြာတွင် သူ၏ နာကျင်မှုများ စတင် လျော့ကျလာသည်။ လုံးဝ ပျောက်ကင်းသွားသည် မဟုတ်သော်လည်း အနည်းငယ် တောင့်ခံထားနိုင်သော အဆင့်တစ်ခုထိ ရောက်သွားသည်။

“မင်းမှာ ဘာဖြစ်လို့ ဒီလို ဆေးလုံး မျိုးရှိနေရတာလဲ” ရှီခွန်း၏ မျက်နှာ ချွေးများ နှပ်များ ရွှဲနေပြီး ဆံပင်များ မှာလည်း မျက်နှာဖြင့် ကပ်နေသည်။ ရှောင်းရွှယ်ယင် ကို ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

ရှောင်းရွှယ်ယင် က ဇူအန်ကို တစ်ချက်ကြည့်ကာ အနည်းငယ် မျက်နှာရဲသွားသည်။ သူမ ပြန်ဖြေလိုက်သည်။ “ကျွန်မ လည်း အရင်က ဒီလိုမျိုး အကျဉ်းအကျပ်ထဲ ရောက်ဖူးတယ်။ ဒါကြောင့် နောက်တစ်ခါ ဖြစ်လာရင် သုံးလို့ရအောင် ဆေးဝါးတစ်ချို့ ကြိုပြင်ဆင်လာခဲ့တယ်”

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now