171

304 44 0
                                    

Chapter 171: လူသားအချိတ်အပိတ်

"မင်းဘာကြောင့် မခန့်မှန်းကြည့်တာလဲ" ခပ်ရွတ်ရွတ် အသံဖြင့် မိန်လိ ပြောလိုက်သည်။

"ကျုပ် မလုပ်ချင်ပါဘူး" ဇူအန် ဖြေလိုက်သည်။
ကလေးတောင် မွေးပြီးနေလောက်တဲ့ အဒေါ်ကြီး ဒီမှာ ချစ်စရာကောင်းတဲ့ပုံ ဟန်ဆောင်နေတာကို ကျေးဇူးပြုပြီးတော့ ရပ်ပါတော့။
သို့သော်လည်း ထိုစကားလုံးများကို အသံဖြင့်ပြောမထွက်ရဲပေ။

"ငါ့ကို ကယ်တဲ့အခါကျရင် နင် သိလိမ့်မယ်" မိန်လိ ပြောလိုက်သည်။ "ကျန်းဟန် က ဒီနေရာမှာ အသာစီးရပြီးသားပဲ။ ဒီပြန်ရောက်လာဖို့ အချိန်သိပ်မလိုတော့ဘူး။ ဒီကိစ္စကို ဆက်ဆွေးနွေးချင်နေတာ သေချာလား"

"ဒါဆိုလည်း ကောင်းကင်၊ မြေကြီး နဲ့ လူသားအချိတ်အပိတ်တွေကို ဘယ်လို ရှာရမလဲဆိုတာကို အနည်းဆုံးတော့ ပြောပြသင့်တာပေါ့" ဇူအန် ပြန်ဖြေလိုက်သည်။ ခင်ဗျား သေချာပေါက်ကို သိနေတယ်မဟုတ်လား။

"နင့်ရဲ့ အရှေ့ကို ကြည့်လိုက်။ ယဇ်ပလ္လင်ရဲ့ အနောက်မှာ လမ်းကြောင်းတစ်ခု ရှိတယ်ဆိုတာ ကို နင်တွေ့လိမ့်မယ်။ အဲ့ဒါ အဆုံးကို လျှောက်သွားရင် အစီအရင်တစ်ခုကို တွေ့ရလိမ့်မယ်။ အဲ့ဒီအစီအရင်အပေါ်ကို မတ်တပ်ရပ်လိုက်ရင် လူသားအချိတ်အပိတ်ကို လှုပ်နိုးစေလိမ့်မယ်။ အကယ်၍ လူသားအချိတ်အပိတ်ကို နင် ဖြည်နိုင်ရင် အစီအရင်က မြေကြီးအချိတ်အပိတ်ကို အလိုအလျောက် စတင်စေလိမ့်မယ်။ ပြီးရင် နောက်ဆုံးမှာ ကောင်းကင်အချိတ်အပိတ်ဖြစ်မယ်။

အချိတ်အပိတ်တစ်ခုချင်းစီတိုင်းမှာ ဘာတွေ နင်ကြုံတွေ့ရမလဲဆိုတာကို ငါသေချာမသိဘူး။ ဒါပေမယ့် သေချာတာတစ်ခုကတော့ အန္တရာယ်ကြီးကြီးမားမားကို ရင်ဆိုင်ရမှာပဲ။ နင် အသက်ဆုံးရှုံးသွားရတာလဲ ဖြစ်နိုင်တယ်။ အကယ်၍ နင် နောက်ဆုတ်ချင်တဲ့စိတ်ရှိရင် အခုပြန်ဆုတ်ဖို့ အချိန်ရှိသေးတယ်"

ဇူအန် ချူချူယန်ကို တစ်ချက်လှမ်းကြည့်ကာ ပြောလိုက်သည်။ "ကိုယ်တန်ဖိုးထားတဲ့ လူတစ်ယောက်ကို ကယ်တင်ရတာပဲ။ ဘာကိုနောင်တရနေရမှာလဲ" 

ထိုစကားကိုကြားလိုက်ရသောအခါ ချူချူယန်၏ ဖြူဖွေးသော မျက်နှာမှာ အနီရောင်သန်းသွားသည်။ သူ၏ မျက်လုံးကိုပင် ကြည့်ရဲ မရဲတော့ဘဲ အလျှင်အမြန် အကြည့်ရှောင်လွှဲလိုက်သည်။ အမှန်တွင် သူမ၏ နှလုံးသားထဲတွင် ပြောထွက်ချင်နေသော အရာများစွာ ရှိနေသည်။ သို့သော်လည်း သူမ မှာ ဖော်ပြရန် စကားလုံးများ ပျောက်ဆုံးနေသည်ကို ရုတ်တရက် ရှာတွေ့လိုက်ရသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now