67

329 58 0
                                    

Chapter 67.ချီရှို့၏ စည်းမျဉ်းများ

ဒါပေါ့ မြို့စား၏သားနှင့် ချူအိမ်သခင်မလေး ရှိသောကြောင့် သူမည်သို့ဆုံးဖြတ်ပါစေ တစ်ဖက်ကို ရန်ပြုသလိုဖြစ်ပေလိမ့်မည်။ ဤအခြေအနေက သူ့ကို ခေါင်းကိုက်စေသည်။

မြင့်ခွာသံတစ်ချို့က သူ့ကို အချိန်ဆွဲပေးလိုက်သည်။ ဆန်းရှန်ရော မေချောက်ဖုန်း၏ မျက်လုံးများ တစ်ချက် လက်သွားသည်။

လပြည့်မြို့တစ်ခုလုံးတွင် မြင်းတပ်ကိုထိန်းချုပ်နိုင်သူသည် ချုအိမ်သာရှိလေသည်။

မြင်းများက ဇက်ကြိုးဆွဲခံလိုက်ရပြီး ခွာသံရပ်သွားလေသည်။ ရွှေရောင်သံချပ်ကာ အနီရောင်ဝတ်ရုံများဝတ်ဆင်ထားသော စစ်သားများ ဝန်းရံလျက် အရပ်ရှည်ရှည်လူတစ်ယောက် လောင်းကစားဝိုင်းအတွင်း ဝင်လာသည်။ သူတို့ဝင်လာသည်နှင့် အုပ်စုနှစ်စုခွဲသွားပြီး လူအားလုံးကို ဝန်းရံလိုက်သည်။

သူတို့၏ အသံမြည်၍ ညီညာသော ခြေသံများက အခြေအနေကို ပို၍ လေးလံစေသည်။

"ဒါက ချူအိမ်ရဲ့ အနီရောင်ဝတ်ရုံ တပ်ပဲ။ မြစ်ကမ်းစောင့်တပ်ထက် အများကြီး ပိုအရှိန်အဝါကြီးတယ်"

"ရှူး တိုးတိုးနေ မင်းတကယ် အသက်ရှင်ရတာ ငြီးငွေ့နေပြီလား"

......

လူအုပ်၏တီးတိုးသံများ ကြားလိုက်ရ၍ ဆန်းရှန်မျက်နှာ မှိုင်းလာသည်။ သူက ရှေ့တိုး၍ အသံကျယ်ကျယ် အော်လေသည်။ " ယွဲ့ရှန် မင်းဘာလုပ်နေတာလဲ ။ မင်းက အကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိဘဲ ချူအိမ်ရဲ့ တပ်ကို ခေါ်လာရဲတယ်လား။ မင်းပုန်ကန်ဖို့ ကြံနေတာလား"

ဆန်းရှန်က မကြာသေးခင်ကမှတာဝန်ကျသော်လည်း ချူအိမ် အနီရောင်ဝတ်ရုံတပ် ခေါင်းဆောင်ကို မှတ်မိသေးသည်။

"ငါတို့ မမလေး အနိုင်ကျင့်ခံရတယ်လို့ သတင်းကြားလို့လာတာ။ ငါတို့ချူအိမ်က ကိုယ့်အိမ်သားကို ကာကွယ်တာတော့ သဘာဝကျတယ်မလား" ယွဲ့ရှန် အေးစက်စွာ ပြန်ဖြေသည်။

သူက ချူချူယန်ထံ လျှောက်လာပြီး တလေးတစားဦးညွှတ်လိုက်သည်။
"မမလေးကို နှုတ်ခွန်းဆက်သပါတယ်"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now