179

298 44 0
                                    

Chapter 179: ကောင်းကင်စည်း

ဇူအန် မျက်မှောင်ကြုတ်လိုက်သည်။
ဒီမိန်းမက ယောက်ျားတွေအပေါ် အမြင်မကြည်သလိုပဲ။ ဧကရာဇ်ချင်ရှီက သူ့အသည်းကိုခွဲခဲ့လို့ လောကမှာရှိတဲ့ ယောက်ျားတိုင်းကို မုန်းနေတာဖြစ်ရမယ်။

"ဘယ်သူက ကလူနေလို့လဲ။ ကောင်းကင်စည်း ဘယ်မှာလဲ။ အဆင့် ၃ကို သွားစို့" ရှောင်းရွှယ်ယင် ပြောလိုက်သည်။

မိန်လိအသံ နောက်တစ်ကြိမ် ထွက်လာသည်။
"မထင်ထားစရာပဲ။ မင်းတို့နှစ်ယောက်က လူစည်းနဲ့ မြေစည်းကို ဖြေလိုက်နိုင်တာပဲ။
မင်းတို့ရုန်းကန်ခဲ့ရပုံပေါ်ပေမဲ့ လုံးဝ ချုန်းချုန်းကျသွားတာ မဟုတ်ဘူး။ ဒါက တကယ့်အံ့ဖွယ်ပဲ။ ယင်ကျန်းရဲ့ နည်းစနစ်တွေကို ငါသိတယ်။ မင်းတို့နှစ်ယောက် စည်းနှစ်ခုဖြေဖို့က မဖြစ်နိုင်သင့်ဘူး"

သူမ အမှန်ပြောနေမှန်း ဇူအန်သိလေသည်။ လူစည်းတွင် ရှောင်းရွှယ်ယင်ဆံပင်ဖြင့် ကြေးဘီလူများကို ခြေထိုးခံခြင်းနှင့် အဆိပ်ပြင်းတန်ဆာ ကြောင့်သာ မဟုတ်လျှင် အံ့သြစရာကောင်းစွာ ခံနိုင်ရည်ရှိပြီး ပြန်ကောင်းမြန်သော ကြေးဘီလူးများကို ဇူအန် ဘယ်လိုမှ အနိုင်ရမည်မဟုတ်ပေ။

မြေစည်းတွင် ပိုတောင် ဆိုးသေးသည်။ မှော်ဓာတ်မီးက ဒေသခံတပ်သားများကို ဖိနှိပ်နိုင်ခြင်းနှင့် နေကြာပန်းလှိုင်းကြောင့်သာ မဟုတ်လျှင် သူအကြိမ်များစွာ သေပြီးနေပြီ။ ချူကျုန်းထန်လို ပညာရှင်တောင် သူ့နေရာတွင် အခြေအနေတူလိမ့်မည်ဟု ဇူအန် ယုံကြည်မှုရှိလေသည်။

ဒါတောင် ရှောင်းရွှယ်ယင်၏ သက်တမ်းတစ်ဝက်ကံကြမ္မာကြောင့်သာ အသက်ရှင်လာရခြင်းပင်။

"ကျုပ်တို့ မအောင်မြင်နိုင်တာ သိလျက်နဲ့ ဘာလို့ ကျုပ်တို့ကို စွန့်စားခိုင်းရတာလဲ" ဇူအန် မေးလိုက်မိသည်။

နားဝင်ချိုသော်လည်း အေးစိမ့်နေသောရယ်သံတစ်ခု ထွက်လာသည်။
"ငါက ရှုံးစရာမှမရှိတာ။ မင်းတို့ ကျရှုံးသွားရင်တောင် ငါက မြေအောက်နန်းတော်ထဲ ဝင်လာမယ့် နောက်ထပ်လူတွေကို ပိုစောင့်ရုံပဲ။ ငါ့မှာ ပေါလွန်းနေတာ အချိန်ပဲ"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now