9

538 60 0
                                    

Chapter 9: မိန်းမရဲ့ အချစ်ဆုံးသူငယ်ချင်း

တွေဝေခြင်းမရှိ ဘဲ ဇူအန်ဆေးကို မျိုချလိုက်သည်။ အေးမြသောခံစားမှုတစ်ခု ပါးစပ်မှတစ်ဆင့် ခေါင်းသို့ တိုးဝင်သွားလေသည်။ ထို့နောက် ခြေလက်များနှင့် အရိုးထိ ပြန့်သွားလေသည်။
အမည်းရောင်အရည်များ အရေပြားမှစိမ့်ထွက်လာကာ တစ်နာရီကြာမှ ပြီးလေသည်။ ဇူအန် မျက်လုံးဖွင့်လိုက်ပြီး သူ့ခန္တာကိုယ်ပိုမိုပေါ့ပါး၍ အာရုံများ ပိုမိုစူးရှလာသည်ကို တွေ့ရသည်။

ယခင်ခံစားရသော နာတာရှည်နာကျင်မှုများ ပျောက်သွားပြီဖြစ်သည်။
သူ့ကိုယ်က အားပြည့်နေပြီး အေးစက်နေလေ့ရှိသော ခြေလက်များမှာ နွေးထွေးနေလေသည်။

"ဒါဆို တကယ်အလုပ်လုပ်တာပေါ့" ဇူအန် ပျော်သွားသည်။
သူ့မွေးရာပါအရည်အသွေးမည်မျှတိုးတက်သွားကြောင်း ဇူအန်မသိချေ။ သို့သော် ခန္ဓာကိုယ်ပြောင်းလဲမှုကတော့ သိသာသည်။

ဒီအရာကြောင့် ငါအမြင့်တက်နိုင်မယ်လို့ မျှော်လင့်ရတာပဲ။

အနိမ့်စားဒင်အဆင့်နှင့်ပင် သူအစီအရင်သုံးခုပြည့်အောင် ဖြည့်နိုင်ခဲ့သေးသည်။ငါဒီခြင်ဆီသန့်စင်ဆေးလုံးယူပြီးမှသာ အရိုက်ခံရရင် အစီအရင်ငါးခုထိ ပြည့်မလားပဲ။
အနိမ့်စားဒင်သည် ခေတ်သစ်မှာဆိုလျှင် D-အဆင့်နှင့် ညီမျှသည်။

ဒါကတကယ်ဆိုးတယ်။

အမည်းရောင်အရည်များ သူ့ကိုယ်ပေါ်တွင် ရှိနေသေးသည်။ ဇူအန် အနံ့ခံကြည့်ပြီး မျက်နှာတစ်ခုလုံး ရှုံ့တွသွားသည်။
နံလိုက်တာ။သူရေချိုးရန် အပြေးသွားလိုက်သည်။

ရေချိုးပြီးသောအခါ ခုတင်ကိုပြန်လာ၍ အိပ်ရန်ပြင်လိုက်သည်။ သူ့မှာ အမျက်ပွိုင့် ၄၄ခုသာ ကျန်တော့၍ နောက်နေ့မှ သူ့ ATM ဆီက အမျက်ပွိုင့် ယူရန် ဆုံးဖြတ်လိုက်သည်။
သူပစ္စည်းကောင်းများရရန် ထိုပွိုင့်များ လိုလေသည်။ သူက မူလဇူအန်၏ မှတ်ဉာဏ်များကို သေချာစီစစ်နေလိုက်သည်။

ချူအိမ်ခေါင်းဆောင်သည် မြို့တော်ဝန်ရာထူးရှိပြီး လပြည့်မြို့ကို အပိုင်စားရလေသည်။ ချူအိမ်တွင် သားသမီး၃ယောက်ရှိသည်။ အကြီးဆုံးသား ယုကျောက် အကြီးဆုံးသမီး ချူယန်နှင့် ဒုတိယသမီး ဟွမ်ကျောက် တို့ပင်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now