29

422 58 1
                                    

Chapter 29: ကီသစ်သီး

ကျီရှောင်ချီ လျှာထုတ်ပြရင်း စာအုပ်ကို ချောင်းကြည့်လိုက်သည်။ စပ်စုစိတ်ဖြင့် ဖျတ်ကနဲ ကောက်ယူ၍ လှန်လှောကြည့်လိုက်သည်။

တစ်မျက်နှာကြည့်ရုံဖြင့်ပင် သူမမျက်နှာပန်းသီးကဲ့သို့ နီရဲလာလေသည်။ သူမအဖေနောက်လိုက်၍ အော်လေသည်။
"အဖေ ဘာလို့ဒီလို မလျော်မကန်စာအုပ်တွေ ဖတ်နေရတာလဲ ။ အဒေါ်ငယ်သာသိသွားရင် အဖေနဲ့ထပ်ရန်ဖြစ်တော့မှာပဲ"

ထိုအခါမှ ကျီတန်ထုစာအုပ်ကျန်ခဲ့ကြောင်း သတိရပြီး ကျီရှောင်ချီလက်ထဲမှ စာအုပ်ကို ဆွဲယူလိုက်သည်။
"ဟမ့်..ငါက နင့်အမေနဲ့ လမ်းခွဲလိုက်တာကြာပြီ။ နင့်အဒေါ်ငယ်က ငါ့ကို ဘာလုပ်နိုင်မှာလဲ"

ကျီရှောင်ချီ စိတ်တို၍ ခြေဆောင့်လိုက်သည်။
"အေဖအဲ့လိုတွေ လုပ်နေလို့ အဒေါ်ငယ်က ဒီကိုမလာတော့တာ"

"ဟမ့်…ဘယ်သူက သူ့ကိုလာစေချင်လို့လဲ။ ငါဒီရက်ပိုင်း ဘယ်လောက်တောင် အပူအပင်ကင်းနေလဲ သိရဲ့လား" ကျီတန်ထု လက်ကို စိတ်မရှည်စွာ ခါလိုက်ပြီး
"ဒီညစောစောအိပ်။ မနက်ဖြန်ကျရင် အကယ်ဒမီပြန်ရမှာ။ မင့်အဒေါ်ငယ်ကို ဘယ်လိုပြန်တိုင်မလဲ ကြည့်ကြတာပေါ့"

ကျီတန်ထု အခန်းကိုအပြေးပြန်၍ တံခါးကို ပိတ်လိုက်လေသည်။

ဇူအန် ချူအိမ်တော်ကို ရောက်ရုံရှိသေး အချက်ပေးသံ မြည်လာသည်။

သင်သည် ကျီတန်ထုထံမှ အမျက်ပွိုင့် ၃၄၆ ရယူလိုက်သည်။

ဇူအန် ကလေးတစ်ယောက်လို တစ်ခစ်ခစ်ရယ်မိသည်။ ကြည့်ရတာ နတ်ဆေးဆရာကျီက ကျီရှောင်ချီကို ဘူးလုံးဘယ်သူရောင်းလိုက်မှန်း သိသွားပုံပင်။
အရိုးသားဆုံးပြောရလျှင် စိတ်ထားကောင်းသော ထိုကလေးမကို လိမ်လိုက်ရသည်ကို ဇူအန် စိတ်မကောင်းပေ။

အခန်းထဲပြန်ရောက်သောအခါ ဇူအန် ရေဇလုံတစ်ဝက်ခပ်လိုက်ပြီး ထီကံမစမ်းခင် လုပ်နေကျထုံးစံအတိုင်း မျက်နှာနှင့် ခြေလက်များ ဆေးကြောလိုက်သည်။

သို့သော် အဖိုးကြီးတစ်ယောက် ရုတ်တရက်ဝင်ရောက်လာမှုကြောင့် ရပ်တန့်သွားရသည်။ ထိုအဖိုးကြီးက သေသပ်စွာ ဝတ်ဆင်ထားပြီး အဝတ်တစ်နေရာမှ ကြေမွခြင်းမရှိပေ။ ဆံပင်ကိုလည်း သပ်ရပ်စွာ ဖြီးထားပြီး စည်းကမ်းတင်းကြပ်ပုံပေါ်နေသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now