123

326 46 0
                                    

123

လူအုပ်က ဆူညံပွက်လောရိုက်လာပြီး ယွမ်ဝမ်ကျီ အရှုံးကလည်း အမှန်တကယ် အရှက်ရစရာပင်။ အခြေအနေက သူ့ဘက်မပါသောကြောင့် ယွမ်အိမ်နှင့်အတူ နောက်ဆုတ်ရန်သာ ရှိတော့သည်။

ဝူဝေ့လည်း ပြောင်းလဲရန်အခွင့်အရေးမရှိသည်ကို နားလည်သောကြောင့် အမြန်ထွက်သွားလေသည်။ ဆန်းဟုန် သူတို့ဘက်မပါသောကြောင့် နှုတ်ပင်မဆက်တော့ချေ။

သူ့အဖေနဲ့လိုက်မသွားခင် ဝူချင်း ဇူအန်ကို မျက်စောင်းခဲလိုက်သည်။
ဒီကောင်က ငါတို့ဝူအိမ်ရဲ့ အစီအစဉ်ကိုဖျက်စီးလိုက်တာပဲ။ ဟမ့် ငါ ပန်လုန် နဲ့ ဖူဖုန်း ကို ဒီကိစ္စလက်စားချေဖို့ ပြောရမယ်။

ကျန်းလော့ဖူ လည်း ထရပ်လိုက်သည်။ ဇူအန်ကို မေးခွန်းတစ်ချို့မေးရန်ပြင်လိုက်သော်လည်း လူအုပ်ကိုကြည့်၍ မသင့်တော်သောကြောင့် ရပ်လိုက်သည်။ ထို့ကြောင့် အကယ်ဒမီပြန်ရောက်မှ မေးခွန်းမေးရန် ဆုံးဖြတ်လိုက်လေသည်။

ကျန်းလော့ဖူ မတ်တပ်ရပ်လိုက်သည်ကိုမြင်ပြီး ကျီတန်ထု မလုံမလဲခေါင်းငုံ့ကာ လူအုပ်ကြားမှ ထွက်သွားလေသည်။ တစ်ချိန်တည်းမှာပဲ ယွမ်အိမ်က ကောင်လေး ကီကြောပျက်စီးသွားသောကြောင့် ကုသရန်လိုမည်ဖြစ်ကြောင်း တွေးလိုက်သည်။ ငါ့အိတ်ကပ်ထဲကို ပိုက်ဆံထပ်ဝင်ဦးမှာပဲ။
ဟား..ဇူအန်လေး ငါတော့ မင်းကို ပိုကြိုက်လာပြီ..

ကျန်းလော့ဖူထွက်သွားပြီးနောက် သူ့ခြေထောက်ကိုငမ်းနေသော ယောက်ျားသားများအားလုံး ပြိုင်ပွဲအဆုံးသတ်ကို စိတ်မဝင်စားတော့ပဲ ထပြန်သွားကြသည်။

ချီရီ ဆန်းဟုန်ထံ နှုတ်ဆက်လိုက်ပြီး မြို့စားအိမ်တော်သို့ ပြန်သွားလေသည်။ လမ်းတွင် ချီရှို့ကို
"မင်း သူနဲ့ ရင်းနှီးတယ်လို့ ငါကြားတယ်"

ချီရှို့ ခေါင်းငြိမ့်လိုက်ပြီး
"ကျွန်တော်တို့ ကောင်းမွန်တဲ့ တွေ့ဆုံမှုတစ်ချို့ ရှိခဲ့တယ်"

"အကယ်ဒမီမှာ သူနဲ့ နီးကပ်ဖို့ ကြိုးစား။ ဒီကလေးက မြင်ရတာထက် ပိုလျှို့ဝှက်တယ်။ မိတ်ဆွေမဖြစ်ရင်တောင် ရန်သူမဖြစ်ရဘူး။ ဖြစ်နိုင်ရင် သူကတစ်ဆင့် ချူအိမ် ငါတို့ဘက် ပါလာနိုင်တယ်"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Onde histórias criam vida. Descubra agora