107

296 47 0
                                    

Chapter 107. ဉာဏ်ပြေးတဲ့ကောင်

"သူ့ကို ဒုက္ခပေးမယ် ဟုတ်လား" ချင်ဝမ်ယွီ အံ့သြသွားပြီး အလိုအလျောက် ပြန်ဖြေလိုက်မိသည်။
"သူက ဘာတွေကောင်းနေလို့ တစ်ယောက်ယောက်က သူ့ကို နာကျင်အောင်လုပ်မှာလဲ။ အဲ့ဒီ အကျိုးမရှိတာတွေ မေးမယ့်အစား မနက်ဖြန် ယွမ်အိမ်ကို ဘယ်လိုတိုက်မလဲ စဉ်းစားပါလား"

ချင်ဝမ်ယွီ စကားကြောင့် ချူချူယန် ဝင်ပြောရန်ကောင်းမလား တွေဝေနေသည်။

ချူဟွမ်ကျောက်ကတော့ သူ့လောက် စိတ်မရှည်ပေ။
"ယွမ်ဝမ်ဒုံက ခဲအိုကို မနက်ဖြန် ဒုက္ခိတဖြစ်အောင် လုပ်မယ်လို့ လူသိရှင်ကြားကြေညာထားတာ အမေသိလား။ အဲ့တာအပြင် ခဲအိုက ရှီခွန်းကို ဒေါသထွက်အောင် လုပ်လိုက်သေးတယ်။ ရှီခွန်းဆိုတဲ့လူက သဘောထားသေးသိမ်ပြီး ဒီနေရာမှာ လက်တုံ့ပြန်ဖို့ ကြိုးစားမယ်ဆိုတာ သေချာတယ်"

ထိုအခါ ချင်ဝမ်ယွီ ပြန်ဖြေသည်။
"ယွမ်ဝမ်ဒုံ ငါတို့ထောင်ချောက်ထဲကျလာတာ ကောင်းတာပဲ မဟုတ်ဘူးလား။ ဇူအန် လုခြုံမှုကိုကျတော့ သူကြိုးဝိုင်းထဲ ဝင်စရာမလိုရင် စိတ်ပူစရာမလိုဘူးလေ။ ပြီးတော့ မင်းအဖေနဲ့ငါလည်း ရှိနေမှာ။ ယွမ်ဝမ်ဒုံ ဇူအန်ကို ဒုက္ခပေးမှာ ထိုင်ကြည့်နေပါ့မလား"

"ယွမ်အိမ်က တစ်ခြားအစီအစဉ်ရှိမှာပဲ ကြောက်တာ။ ဘာလို့မှန်းမသိ ဒီကိစ္စကို ခိုးလို့ခုလု ဖြစ်နေတယ်" ချူချူယန် ထပြောသည်။

"ဟုတ်တယ် ဂရုစိုက်တာ အကောင်းဆုံးပဲ။ ဟုန်ရှင်းယင်ကို ပထမဆုံး ပြိုင်ခိုင်းလိုက်မယ်။ သူက အင်အားအကောင်းဆုံးတွေထဲက တစ်ယောက်ပဲ။ သူ့ကို အရင်ဆုံးလွှတ်ပြီး ယွမ်အိမ်ကို စမ်းသပ်တာ ကောင်းလိမ့်မယ်" ချူကျုန်းထန် ထပြောသည်။
"ငါ သူတို့ကို အိမ်တော်ကို ပြန်ခေါ်ပြီး လေ့ကျင့်ပေးထားတယ်။ ယွမ်အိမ်ရော ဝူအိမ်ရောနဲ့ ပြိုင်ဖို့ ပြဿနာအများကြီးရှိမယ် မထင်ဘူး"

ဟုန်ရှင်းယင်ကို အခန်းထဲမတွေ့လိုက်ရသောကြောင့် ဇူအန် နောင်တရနေတာ ။ လက်စသတ်တော့ လေ့ကျင့်ဖို့ အိမ်တော်ပြန်ခေါ်လိုက်တာကိုး။

ချင်ဝမ်ယွီ ဇူအန်ထံ လှည့်၍
"မင်းနဲ့ ဟုန်ရှင်းယင် ရန်ကြွေးရှိတာ သိတယ်။ ပုံမှန်ဆို မင်းတို့နှသ်ယောက် ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး၊ ဒါပေမဲ့ မနက်ဖြန် ပြိုင်ပွဲမှာ သူ့စိတ်အခြေအနေကြောင့် အမှားအယွင်းမဖြစ်အောင် သူ့ကို သွားမဆွနဲ့"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now