6

608 69 0
                                    

Chapter 6: လောင်းကစား

ဇူအန် သူမ၏ သေးငယ်သော လက်သီးစုပ်သေးသေးလေးအားကြည့်၍ အဖြစ်မှန်ကို မေးခွန်းထုတ်မိသည်။

"ရိုးရိုးသားသားပြောရရင် နင့်လောက်ပျော့တဲ့လူကို ငါကိုယ်တိုင်ရှင်းရတာ မတန်ဘူး"ချူဟွမ်ကျောက် လက်ခေါက်မှုတ်လိုက်သည်။

"ရွှီ...ဒီလာခဲ့ ဖော်လံဖား"

ဇူအန် ပဟေဠိဖြစ်နေသည်။
ဟမ် သူ့လိုမိန်းမငယ်လေးမှာ နောက်ကတောက်လျှောက်လိုက်တဲ့ ဖော်လံဖား ရှိသေးတယ်လား။ ဒီလောကမှာရှိတဲ့ယောက်ျားတွေက အကုန်နှာဗူးတွေလား။

"ဝုတ်"

ကြမ်းတမ်းသော ဟောင်သံတစ်ခု အဝေးမှ လွင့်လာပြီး ဇူအန် မှားသွားမှန်း သိလိုက်သည်။ ဒါဆို သူ့ ဖော်လံဖားက ခွေးပေါ့။ နှာဗူးက ငါပေါ့။

ရိုးရိုးသားသားပြောရရင် ဘယ်လိုနာမည်ကြီးပါလိမ့်။ ဟဟဟ ကြည့်ရတာ ထူးဆန်းတဲ့ နာမည်ပေးခြင်းက ဒီမိသားစုရဲ့စွမ်းရည် ထင်တယ်။

ကျားသစ်အရွယ်လောက်ရှိပြီး မျက်လုံးစိမ်းနှင့် သတ္တဝါကို တွေ့လိုက်သောအခါ ဇူအန်အပြုံးသည် ပျောက်ကွယ်သွားရသည်။

ဟုတ်ပြီး မျိုးအရဆိုရင်တော့ ခွေးပေါ့ ဒါပေမဲ့ အရွယ်အစားက တအားကြီးလွန်းနေတယ်လေ။

"ဘယ်သူက တော်တဲ့ကောင်လေးလဲ။ ဖော်လံဖား" ချူဟွမ်ကျောက် သည် ထိုခွေး၏ခေါင်းပုတ်လိုက်ပြီး သားရဲကလည်း အမြီးနှံ့လေသည်။

ဇူအန် သတွေးမြိုချလိုက်ပြီး ခွေးအပေါ်မှ အကြည့်မခွာပေ။

"မင်းက ဒါကို ခွေးလို့ခေါ်တာလား။ "
ထိုသတ္တဝါ၏ ပါးစပ်မှ သွေးများ ယိုစီးနေသည်။ ထိုအခါတွင် သူကြားခဲ့သော ဝါးစားသံ ဘယ်ကလာမှန်း ဇူအန်သိလိုက်သည်။

"ကြောက်ပြီလား" ချူဟွမ်ကျောက် အော်ရယ်လိုက်ပြီး ဇူအန်ကို ညွှန်၍
"ဖော်လံဖား သူ့ကိုသွားကိုက် နာနာကိုက်"

ချက်ချက်းပင် ခွေးသည် ဇူအန်ပေါ်သို့ လျှင်မြန်ချောမွေ့စွာ ခုန်အုပ်လေသည်။ ပထမဆုံးအကြိမ် မဟုတ်မှန်း သိသာသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now