23

432 63 1
                                    

Chapter 23: ဓါးပြအုပ်စု

ကျီရှောင်ချီ၏ အားတုံ့အားနာဖြစ်နေမှုကိုကြည့်၍ ဇူအန်စိတ်ဝင်စားသွားသည်။
"ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်။ ငါတို့နှစ်ယောက်က ခက်ခဲတဲ့အချိန်တွေကို အတူဖြတ်ကျော်ပြီး အတူရေချိုး...အဟမ်း..အဟမ်း..ငါပြောလိုက်တာကို မကြားသလိုမှတ်လိုက်ပါ။ ငါပြောချင်တာက မင်းကို ငါသူငယ်ချင်းလိုသဘောထားတဲ့အတွက် ပြောလို့ရပါတယ်"

ကျီရှောင်ချီက လက်သီးဆုတ်လိုက်ပြီး ရှက်ရွံ့နေသည်။
"ဒီလိုလေ။ ကျွန်မအဖေက အခုတလော ဆေးတစ်မျိုးဖော်နေတာ ပြီးတော့ လိုအပ်တဲ့ဆေးအမယ်တစ်မျိုးက တင်ပါးကွဲဝံပုလွေရဲ့ ဘူးလုံးဖြစ်နေတယ်။ ဝံပုလွေချောက်မှာ တင်ပါးကွဲဝံပုလွေကို အချိန်တစ်ခုထိ တွေ့ရမှာမဟုတ်တော့ ဒီပစ္စည်းရဖို့က ခက်လိမ့်မယ်။ ကျွန်မကို နည်းနည်းရောင်းပေးနိုင်မလားလို့ပါ"

ကျီရှောင်ချီသာ သူကဒီဘူးလုံးကို သူမအဖေအတွက် စုနေရတာသိသွားလျှင် ဘယ်လိုနေမလဲ ဇူအန်သိချင်သည်။
သို့သော် သူ့ပါးစပ်က ဦးနှောက်ထက်အရင် ပြောမိလိုက်သည်။
"အဲ့တာအတွက် မင်းဘယ်လောက်ပေးမှာလဲ"

ကျီရှောင်ချီပြန်ဖြေလိုက်သည်။
"သာမန်ဘူးလုံးတွေက စျေးမကြီးပေမဲ့ တင်ပါးကွဲဝံပုလွေရဲ့ ဘူးလုံးကတော့ တစ်ခုကို ငွေဆယ်စ ရှိတယ်"

ဇူအန် အံ့သြသွားသည်။
ဒီဟာတွေက အဲ့လောက် စျေးကြီးတယ်လား။
သူစဉ်းစားလိုက်ပြီး အဓိပ္ပာယ်ရှိသည်ဟု တွေးလိုက်သည်။ တင်ပါးကွဲဝံပုလွေများသည် ကြမ်းတမ်း၍ ဆယ်ကောင်တွင်မှ တစ်ခုမတွေ့ရချေ။
တင်ပါးကွဲဝံပုလွေကို အမဲလိုက်သူသည် အသက်ကို ဖက်နှင့်ထုတ်ထားရသည်။ အမှားအနည်းငယ်ကျူးလွန်မိပါက ကလီစာဆွဲထုတ်ခံရနိုင်လေသည်။

ဇူအန် ခေါင်းသုံးလိုက်ပြီး ပြောလိုက်သည်။
"အဲ့လိုတွက်တာ မမှန်ဘူးလေ။ ငါ့အမြင်အရ လပြည့်မြို့မှာ တင်ပါးကွဲဝံပုလွေရဲ့ ဘူးလုံးရဖို့က မဖြစ်နိုင်လောက်ဘူး" နတ်ဆေးဆရာကျီသာ စျေးကွက်အတွင်း ဝယ်နိုင်လျှင် ဤတာဝန်ကို အစတည်းက ပေးမည် မဟုတ်ပေ။

ဇူအန် ခနရပ်၍ ဆက်ပြောလေသည်။
"ပြီးတော့ မင်းပြောသလို ဝံပုလွေချောက်မှာ တင်ပါးကွဲဝံပုလွေကို ရှာတွေ့တော့မှာမဟုတ်လို့ ဘူးလုံးရဲ့စျေးက မကြာခင် မိုးထောင်လာတော့မှာ"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now