103

307 56 0
                                    

Chapter 103. ပွဲဦးထွက်

ထိုစဉ် ဇူအန် ရှန်းလျှို့ယီကို ခေတ္တစိုက်ကြည့်၍ ပြောလိုက်သည်။
"မင်းဆရာလုပ်ရတာ အတော်ပင်ပန်းမှာပဲ။ ကျောင်းသားက အိမ်ရှေ့ထိလာပြီး ခနဲ့တာ ခံရတယ်"

ရှန်းလျှို့ယီ မျက်လုံးလှိမ့်လိုက်သည်။
"အဲ့တာက မင်း တံခါးကို သေချာမပိတ်ခဲ့လို့လေ။ မဟုတ်ရင် သူတို့ ဝင်နိုင်မယ် ထင်လို့လား"

"အာ ကျုပ်စိတ်လှုပ်ရှားပြီး ပိတ်ဖို့ မေ့သွားတာ" ဇူအန် ရှက်ရယ် ရယ်လိုက်သည်။

"ထားလိုက်ပါတော့ ပြဿနာတစ်ခုခုရှိနေသေးလားသိရအောင် သံစဉ်ကို နောက်တစ်ခေါက် ပြန်တီးကြည့်မယ်" ရှန်းလျှို့ယီ စောင်းကောက်ပေါ် လက်ပြန်တင်လိုက်ပြီး လူတစ်ယောက်၏ စိတ်ကိုတက်ကြွစေသော သံစဉ်တစ်ခု ထွက်လာသည်။

သံစဉ်က မကြာခင် အဆုံးသတ်သွားပြီး ဇူအန် စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။
"ဒါက ကျုပ်စိတ်ထဲမှာ ရှိတဲ့အတိုင်းပဲ။ ရှန်းအစ်မကြီး ခင်ဗျားက တကယ့် ပါရမီရှင်ပဲ"

"ငါက ဘယ်လိုလုပ် ပါရမီရှင်ဖြစ်မှာလဲ။ ဒီသံစဉ်ကို တီထွင်တဲ့လူကမှ တကယ့်ပါရမီရှင်" ထို့နောက် ရှန်းလျှို့ယီ ဇူအန်ကို သေချာစိုက်ကြည့်ပြီး မေးလေသည်။
"မင်းက တီထွင်တဲ့လူ တကယ်မဟုတ်ဘူးလား"

"အဲ့တာ ကျုပ်တကယ်မဟုတ်ဘူး။ ကျုပ်က အိပ်မက်ထဲမှာပဲ ကြားဖူးတာ"ဇူအန် မျက်နှာပြောင်သော်လည်း ဒီသီချင်းများကို သူ့ကိုယ်ပိုင်ဟု ပြောရန်အထိ အရှက်မမဲ့ပေ။

"သိပြီ။ မင်းဒီလောက် နှိမ့်ချတတ်မယ်လို့ မမျှော်လင့်ထားဘူး" ရှန်းလျှို့ယီ နဘေးမှ ကမာခွံနှင့်တူသော ပစ္စည်းတစ်ခုလှမ်းယူ၍ ဇူအန်ကို ပေးလိုက်သည်။
"ဒီမှာ ယူလိုက်"

ဇူအန်ကို အထင်လွဲနေတာကို ရှင်းပြရန်ပြင်လိုက်စဉ် ထိုကမာခွံ လက်ထဲရောက်လာသည်။ နားမလည်၍ မေးလိုက်သည်။
"ဒါက ဘာလဲ"

"ဒီပစ္စည်းက ကြားရတဲ့အသံကို မှတ်တမ်းတင်ထားနိုင်တယ်။ ဒါကို မင်းအတန်းထဲ ဝင်တဲ့အခါ...နောက်ခံတီးလုံးအနေနဲ့ သုံးလို့ရတယ်"ရှန်းလျှို့ယီ ပြန်ဖြေသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now