69

335 52 0
                                    

Chapter 69.ပျားရည်ထောင်ချောက်

ကျန်းတန်ပြုံးလိုက်သည်။
"ကျွန်မတို့က မိသားစုဖြစ်တော့မှာ။ ရှင်ကြုံနေရတဲ့ ပြဿနာတိုင်းက ကျွန်မပြဿနာပဲပေါ့။ ပြောစရာရှိတာ ပြောပါ"

ဆန်းရှန် လျှာခေါက်လိုက်မိသည်။
မင်းက အပြောကတော့ ချောနေတာပဲ...လက်ကိုကျတော့ အကိုင်မခံနိုင်ဘူး။

"ဇူအန်မှာ ငွေချိတ်လောင်းကစားဝိုင်းက ၇ သန်းခွဲတန် ကတိစာချုပ်ရှိတယ်။ သူက တစ်ချိန်လုံး ချူအိမ်မှာမဟုတ်ရင် အကယ်ဒမီမှာပဲ။ မင်းသိတဲ့အတိုင်း ကိုယ်က အကယ်ဒမီမှာ ဝင်စွက်ဖက်လို့ မရဘူး။ သူ့ကို ရင်းနှီးအောင်လုပ်ပြီး အဲ့ဒီစာချုပ် ငှား လာလို့မရဘူးလား"

"ဘယ်လို ရင်းနှီးအောင် လုပ်ရမှာလဲ" ကျန်းတန်း ခံစားချက်မကောင်း၍ မေးလိုက်သည်။

"ဒီလောကမှာ ယောက်ျားတိုင်းက အလှအပကို မလွန်ဆန်နိုင်ဘူး။ မင်းရုပ်ရည်နဲ့ သူ့ကို စွဲမက်အောင်လုပ်ပြီး အလွယ်လေး ခိုင်းလို့ရတယ်" ဆန်းရှန် အေးစက်စက်သရော်လိုက်ပြီး အောင်မြင်မှုကို ကြိုတွေးနေသည်။

ကျန်းတန်မျက်နှာ ချက်ချင်းအေးစက်သွားပြီး အပူတပြင်း မေးလိုက်သည်။
"ကျွန်မကို ဘယ်လိုလူစားလို့ ထင်နေတာလဲ"

ဆန်းရှန်အမြန်ရှင်းပြလိုက်သည်။
"မင်းကို အကြပ်အတည်းဖြစ်အောင် လုပ်မိတာ သိပါတယ်။ ဒါပေမဲ့ မင်းက ကိုယ်ယုံလို့ရတဲ့ တစ်ဦးတည်းသောသူပဲ။ အဲ့တာကြောင့် မင်းကိုပဲ ပြောရတာ"

သူ့ဆင်ခြေက ကျန်းတန်၏ ဒေါသကို မငြိမ်းစေပေ
"ဒါဆို ရှင်ရလာတဲ့ အကြံက ရှင့်သတို့သမီးလောင်းကို တစ်ခြားယောက်ျားတစ်ယောက်ကို မြှူဆွယ်ခိုင်းဖို့ပေါ့" သူမ စိတ်တိုစွာ ကြိမ်းဝါးလိုက်သည်။

ဆန်းရှန် မျက်မှောင်ကြုံ့လိုက်မိသည်။
"အဲ့လောက် နားဝင်ဆိုးအောင် မပြောပါနဲ့။ ငါက မင်းကို သူ့အနားပဲ ကပ်ခိုင်းတာ သူနဲ့အတူအိပ်ခိုင်းတာ မဟုတ်ဘူး။သူ့လို နိမ့်ကျတဲ့လူက မိန်းမတွေနဲ့ အတွေ့အကြုံရှိမှာမဟုတ်ဘူး။ မင်းရုပ်ရည်သာဆို မင်းစကားချိုချိုပြောလိုက်ရုံနဲ့ သူ့ကို ကြိုက်သလို ကြိုးဆွဲလို့ရတယ်"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now