50

364 63 0
                                    

Chapter 50. ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်

ယွမ်ဝမ်ဒုံ မျက်နှာ မည်းလာသည်။
"ပါးစပ်ပိတ်ထား။ ငါ့အိမ်တော်က အကောင်းဆုံးလက်နက်တွေရောင်းတာ။ မင်းတို့ဓားစုတ်တွေကို ငါအလျော်မပေးနိုင်ဘူး ထင်လို့လား"

ပွထနေသောလူအုပ်ကီု အကြာကြီးရှင်းလိုက်ရသည်။ သူ ဇူအန်ကို ပြန်လှည့်ကြည့်ချိန်မှာတော့ မရှိတော့ပေ။

သင်သည် ယွမ်ဝမ်ဒုံ ထံမှ အမျက်ပွိုင့် ၁၂၃ ရယူလိုက်သည်။

ချူဟွမ်ကျောက် ဇူအန်ကို စားသောက်ဆောင်သို့ ဆွဲခေါ်သွားသည်။ စားသောက်ဆောင်၏ အသွင်အပြင်သည် ဇူအန်အရင်ဘဝက တက္ကသိုလ်များမှ ကန်တင်းနှင့် ဆင်တူလေသည်။ တစ်ခုတည်းသောကွာခြားချက်မှာ အစာကို ကိုယ်တိုင်သွားမယူရခြင်းပင်။ ထို့အစား ဝန်ထမ်းများက အသင့်စောင့်ပေးနေသည်။

ချူဟွမ်ကျောက် မီနူးကို လှမ်းပေးလိုက်သည်။
"ငါ ဒကာခံမယ်။ ကြိုက်တာမှာလိုက်" သူဌေးဂိုက်ဖမ်းလျက် ပြောလေသည်။

တစ်ခြားဝိုင်းသို့အပို့ခံလိုက်ရသော ဝေဆောင်က ဇူအန်ကို လက်မထောင်ပြသည်။ သူ့ရဲ့ဒီသူဌေးအသစ်က  တစ်လောကလုံးတွင် ကပ်စားသူများ၏ စံပြပုဂ္ဂိုလ်ပင်။

ဟုတ်ပါ့။ ကပ်စားတာက လောကမှာ အကောင်းဆုံးနည်းလမ်းပဲ။ ငါလည်း အစ်ကိုကြီးဆီကသင်ယူပြီး သကြားမေမေရှာသင့်တာ။ အိုး..ဒါပေမဲ့ ကျောင်းအုပ်ကျန်းကို လက်လှမ်းမမီဘူးလေ။ ငါ့စကေးတွေကို တစ်ခြားတစ်ယောက်အပေါ် အရင်လေ့ကျင့်သင့်တယ်...

ဇူအန် မီနူးကို လှည့်ပင်မကြည့်ချေ။ သူက စားပွဲထိုးဆီလှည့်လိုက်ပြီး
"ဒါဆို ငါ့ကို အကုန်လုံးတစ်ပွဲစီပေး"

သူက ဒီလောကရဲ့အစားအစာအကုန်လုံးကို သိချင်ပြီး မီနူးထဲမှ အရာအားလုံးက စိတ်ဝင်စားစရာဖြစ်နေသည်။ အမှန်တော့ အများစုကို သူမမှတ်မိပေ။ ထို့ကြောင့် တစ်ခုစီ မြည်းစမ်းကြည့်ချင်လေသည်။

သင်သည် ချူဟွမ်ကျောက် ထံမှ အမျက်ပွိုင့် ၉၉ ရယူလိုက်သည်။

"သူ့ကို နားမထောင်နဲ့" ချူဟွမ်ကျောက် စားပွဲထိုးကို အမြန်တားလိုက်ပြီး ဇူအန်ကို မျက်စောင်းထိုးလိုက်သည်။
"ရှင်က ဝက်လား။ အဲ့တာ အကုန်စားနိုင်လို့လား"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now