110

316 47 0
                                    

Chapter 110. ပျင်းစရာ

ကျီတန်ထုမျက်လုံးများက လူအုပ်ကြား ပြောလွှားနေသည်။ မိန်းမလှတစ်ယောက်တွေ့လိုက်တိုင်း သူ့မျက်နှာတွင် နှာဘူးကျသော အပြုံးတစ်ခု ပေါ်လာတတ်သေးသည်။

သေချာကြည့်လိုက်သော် ကျီတန်ထုကြည့်သမျှ မိန်းမအားလုံးက ရင့်ကျက်သောအလျရှိပြီး အများစုက အိမ်ထောင်သည်များ ဖြစ်ကြသည်။ သူ့အဓိက အာရုံက ချင်ဝမ်ယွီ ပေါ်တွင် ရှိသော်လည်း အိမ်တော်ခေါင်းဆောင်များ၏ သခင်မများကို အလွတ်မပေးချေ။ မျက်လုံးကျွတ်ကျလုနီးပါး ပြူးကြည့်နေသည်။

ဇူအန် အနည်းငယ် စိတ်ဖိစီးသွားသည်။ ဒီကိစ္စကို သူ့ယောက္ခထီးအား ပြောသင့်လားဟု စဉ်းစားနေသည်။ ချူကျုန်းထန်က သူ့အပေါ် အတော်လေးကောင်း၍ ဖောက်ပြန်ခံရလျှင် သိပ်မကောင်းပေ။

ဒါပေမဲ့ ကျီတန်ထုက တစ်ခုခုလုပ်နေတာလည်း မဟုတ်ချေ။ အိမ်ထောင်သည်မိန်းမများကို ကြည့်ခြင်းက အနည်းငယ်ဆိုးရွား၍ ကြောက်စရာကောင်းသော်လည်း အန္တရာယ်တစ်စုံစတ်ခု မဖြစ်နိုင်ချေ။ ထို့အပြင် ဇူအန်အငယ်ကောင်ကို ကုရန် ကျီတန်ထုအပေါ် အားကိုးနေ၍ သူ့နှင့် မတည့်၍ မရပေ။

ထိုအရာက ဇူအန်ကို မေးခွန်းတစ်ခု ပြန် သတိရစေသည်။ ကျီတန်ထု ဒီလောက် ရမ္မက်ကြီးတာ ကျောင်းအုပ်ကျန်းကိုကျ ဘာလို့ မငမ်းရတာလဲ။ ရုပ်ရည်ကိုအသာထား ကျန်းလော့ဖူ၏ ခြေချောင်းများကပင် ယောက်ျားတိုင်းကို ရူးသွပ်စေသည်။ ဝေဆောင်၏ စွဲလမ်းမှုက ပြောရာပင် မလိုချေ။ သို့သော် ကျီတန်ထုက ထိုအရာကို မမြင်ချင်ယောင်ဆောင်ထားသလိုပင်။

အခုတွေးကြည့်မှ ကျီတန်ထု ပြောသော မိန်းမ ၄ယောက် နာမည်သည် ယုယွမ်လော့ ၊ ရှန်းလျှို့ယီ ၊ ချင်ဝမ်ယွီ ၊ ရှို့ဟုန်လေ တို့ဖြစ်ပြီး ကျန်းလော့ဖူအကြောင်း တစ်ခုမှ မပါပေ။

ဒါက အဓိပ္ပာယ် မရှိဘူး။
ရှန်းလျှို့ယီကလည်း အကယ်ဒမီကလေ။ တကယ်ဆို သူ ကျောင်းအုပ်ကျန်းကို စဉ်းစားမိရမှာ။ ဒီကိစ္စမှာ တစ်ခုခု ရှိရမယ်။

"ပြိုင်ပွဲရဲ့ ဒိုင်လုပ်ဖို့ အချိန်ပေးပြီး လာတဲ့ အတွက် အမှန်တကယ် ကျေးဇူးတင်ပါတယ်။ ဒါဆို ရလဒ်ရဲ့ တရားမျှတမှုကို ဘယ်သူမှ မေးခွန်းမထုတ်နိုင်တော့ဘူး"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now