126

333 43 2
                                    

Chapter 126: နည်းလမ်းကောင်း

ဇူအန်၏ နှလုံး ဆတ်ခနဲ တုန်သွားသည်။ ချူကျုန်းထန် နှင့် ချင်ဝမ်ယွီတို့ကို သူ ပြောခဲ့သည့် တူညီသော အကြောင်းပြချက်ဖြင့် လောင်မိုင် ကို သူ အရူးလုပ်လို့ရမှာ မဟုတ်ကြောင်း သူ သိသည်။ ချူအိမ်တော်ထဲရှိ လူအားလုံးထဲ၌ ဇူအန်၏ အခြေအနေကို အကောင်းဆုံးသိသူသည် အခြားသူမဟုတ်ဘဲ လောင်မိုင် ပင်ဖြစ်သည်။ လွန်ခဲ့သည့် တစ်လတုန်းက ဇူအန်သည် သာမာန်လူတစ်ယောက်သာ ဖြစ်နေသေးကြောင်းနှင့် သူ လက်ဆင့်ကမ်းပေးသည့် ကျင့်ကြံခြင်းပညာနဲ့မှ ကျင့်ကြံသူ တစ်ယောက်၏ လမ်းခရီးပေါ် စတင်လျှောက်လှမ်းသူဖြစ်ကြောင်း လောင်မိုင် က အတိအကျ သိထားသည်။

“မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို အဲ့လောက်မြန်မြန် ဘယ်လိုမြှင့်တင်လိုက်တာလဲ” ဇူအန်က ပြန်မဖြေလာသည်ကို တွေ့သည့်အခါ လောင်မိုင်က နောက်ထပ်တစ်ခါ ထပ်မေးလိုက်သည်။ သို့သော် သူ့အသံသည် ပို၍ စိတ်မရှည်သည့်သံ ပေါက်လာသည်။

“ကျုပ်က ငယ်သေးလို့ထင်တယ်။ အဲ့ဒါကြောင့်ပဲ ကျုပ်ရဲ့ ကျင့်ကြံမှုက နည်းနည်းလေး ပိုမြန်နေတာ” ဇူအန်သည် အားတင်းပြီး ဆင်ခြေအချို့ပေးလိုက်သည်။

သို့သော် လောင်မိုင် သည် သူ့ကို အေးတိအေးစက်ဖြင့်သာ ကြည့်နေပြီး ဘာမှတုံ့ပြန်မလာချေ။

ဇူအန်၏ မျက်နှာ ပူနွေးသွားသည်။ ဤဆင်ခြေက သူ့အတွက်ပင် အဓိပ္ပာယ်မရှိပါ။ ထို့ကြောင့် နောက်ထပ်တစ်ကြိမ်စဉ်းစားပြီးနောက် ထပ်ပြောလိုက်သည်။ “ကျုပ် အကယ်ဒမီကျောင်းတော်ကို ဝင်သွားခဲ့တယ်။ ကျောင်းတော်က ကျုပ်တို့ ကျင့်ကြံရာမှာ အသုံးပြုဖို့ လူတစ်ယောက်ဆီကို ကီကျောက်တုံးတွေ ဝေပေးတယ်။ အဲ့အပြင် ကျောင်းတော်ထဲက ကီက ပိုသိပ်သည်းတယ် အဲ့ဒါကြောင့်……”

သူ့စကားမဆုံးခင်တွင် လောင်မိုင်က နောက်ထပ်တစ်ဖန် ကြားဖြတ်ပြောလိုက်သည်။ “ကီကျောက်တုံးတွေနဲ့ဆိုရင်တောင် မင်း ဒီလောက်မြန်မြန် တိုးတက်လာနိုင်စရာအကြောင်းမရှိဘူး။ ပြီးတော့ ဖီးနစ်ကောင်းကင်ကျမ်းစာ က ကျင့်ကြံခြင်းအဆင့်တက်နိုင်ဖို့ အရိုက်ခံရမှုအပေါ် အဓိကမူတည်တာ။ ကီကျောက်တုံးတွေရဲ့ သက်ရောက်နိုင်မှုက မင်းအပေါ်မှာ အကန့်အသတ်ရှိတယ်”

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Dove le storie prendono vita. Scoprilo ora