138

313 48 1
                                    

Chapter 138: အပျော်မစောနဲ့

ကျီရှောင်ချီသည် အလွန်ကြီးမားသော ကြွက်မိစ္ဆာများကို ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေမိသည်။ နဂါးဝှက်တောင် သို့ မကြာခဏ လာရောက်စူးစမ်းရှာဖွေတတ်သော်လည်း ၎င်းတို့ကို အရင်တုန်းက သူ မမြင်ဖူးပါ။

ဇူအန်၏ စကားများက သူမအတွေးနယ်ထဲမှ သူမကို ခေါ်ထုတ်လာခဲ့သည်။ သူမ အိတ်ထဲမှ အပြာရောင်ဆေးလုံးတစ်ခု မြန်မြန်ထုတ်လိုက်ပြီး သူ့ထံသို့ ပစ်ပေးလိုက်သည်။ “အဲ့ဒါကို မြန်မြန်မျိုချလိုက်။ ရှင် အဲ့ဒါကို မျိုချပြီးတာနဲ့ ကျွန်မအဆိပ်တွေကို ခံနိုင်သွားလိမ့်မယ်”

ထိုစကားများကြောင့် ဇူအန် အံ့အားသင့်သွားပြီး “မင်း ငါ့ကို ဒါပေးချင်တာ သေချာရဲ့လား။ မင်းခန္ဓာကိုယ်ပေါ်က အဆိပ်တွေကို ငါ ခံနိုင်သွားတာနဲ့ ငါ တစ်ခုခု မကောင်းကြံလိုက်မှာ မင်း မစိုးရိမ်ဘူးလား”

ကျီရှောင်ချီ၏ မျက်နှာ နီရဲသွားပြီး ပြန်ပြောလိုက်သည်။ “ရှင်က အခြားယောကျာ်းလေးတွေလို မဟုတ်ဘူး။ ပြီးတော့ ဒီမြေအောက်ခန်းမှာ ဆယ်ရက်အထိ ကျွန်မတို့ အသက်ရှင်နေအောင် လုပ်ရမှာ။ အဲ့လိုဆို ကျွန်မတို့တွေ တစ်ယောက်နဲ့တစ်ယောက် ကူညီဂရုစိုက်ဖို့ သေချာပေါက်လိုအပ်မှာပဲ။ ရှင်ကျွန်မကို ထိတဲ့အချိန်တိုင်း အဆိပ်မိမိနေရင် အဆင်ပြေမှာ မဟုတ်ဘူး”

ရှင်းပြစရာမလိုဘဲ သူမ ပြောသည့် ‘ရှင်က အခြားယောကျာ်းတွေလို မဟုတ်ဘူး’ ဆိုသည့် စကား၏ အဓိပ္ပါယ်ကို ဇူအန် ခနခန နားလည်နေရသည်။ မြုံတာက ဒီလိုအကျိုးမျိုး ယူဆောင်လာပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါ။ ငါ့အရင်ဘဝတုန်းက မိန်းကလေးတွေကို ချဉ်းကပ်ဖို့ ယောကျာ်းလေးတွေ ဂေး အဖြစ် ဟန်ဆောင်ကြတာ မအံ့သြတော့ပါဘူး။ လက်စသတ်တော့ တက်ကြွထက်သန်တဲ့ပုံမပေါ်တာက မိန်းကလေးတစ်ယောက်ရဲ့ သတိထားမှုကို အကြီးအကျယ် လျော့ကျစေနိုင်တာပဲကိုး။

“ဒီဆေးလုံးကို မင်းအဖေ ပေးထားတာလား” ဇူအန် မေးလိုက်သည်။

သူမကို ကာကွယ်ဖို့ ကျီတန်ထု လုပ်ခဲ့သည့် အပိုလုပ်ရပ်များကို စဉ်းစားကြည့်လိုက်လျှင် ဤကဲ့သို့သော ခြွင်းချက်တစ်ခု ပြင်ဆင်ထားသည်က သူ့အတွက် မဖြစ်နိုင်သည့် အရာဖြစ်သည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now