41

398 57 0
                                    

Chapter 41: အိပ်မက်ချစ်သူစာရင်း

"ဒါက ကျာ အဆင့်ပဲ"(A)

"အမလေး ငါတို့ကျောင်းဖွင့်ကတည်းက ကျာအဆင့်ကျောင်းသား ဘယ်နှစ်ယောက်ရှိလို့လဲ"

"ငါတို့ကျောင်းတင်မကဘူး။ တစ်တိုင်းပြည်လုံးမှာပါ ကျာအဆင့်က ရှားတာပဲ"

......

စမ်းသပ်ချက်အနားတွင်ရပ်နေသူများမှာ အုပ်အုပ်ကျက်ကျက် ဖြစ်သွားရသည်။ စမ်းသပ်ချက်ပြီးသွားသော ဆရာကလည်း အမြင်အသစ်ဖြင့် ကြည့်နေလေသည်။ ညင်သာသော အပြုံးဖြင့် ဟုန်ရှင်းယင်၏ ကိုယ်ရေးအချက်အလက်ကို မေးနေလေသည်။

ဒါက လက်တွေ့ဘဝပေ။ အင်အားကောင်းတဲ့ လူတစ်ယောက်အတွက် အမှားသေးသေးလေးသည် လျစ်လျှူရှူထိုက်ပေသည်။

ဇူအန်၏ အဆိုက သက်သေမရှိတာလည်း ပါလေသည်။ အမှန်တရားက ပြောင်းလဲနိုင်လေသည်။

ဟုန်ရှင်းယင် ဂုဏ်မောက်သောအပြုံးဖြင့် ဆင်းလာလေသည်။ ထိုအရာက နွေရာသီပူပူတွင် ဖရဲသီးအေးအေး စားလိုက်ရသလိုပင်။ တစ်ချိန်တည်းမှာပင် နောင်တရနေလေသည်။ ဒီလိုဖြစ်မယ်မှန်းသိလျှင် ချူအိမ်တွင် နှိမ့်ချ၍ အချိန်ဖြုန်းခဲ့မည် မဟုတ်ပေ။

ငါဘယ်လောက် ကောင်းအောင်လုပ်လုပ် မမလေးက ငါ့ကို အစေခံထက် ပိုပြီး မမြင်ဘူး။ ငါသာ အကယ်ဒမီကို စောဝင်ခဲ့ရင် အခုချိန်ဆို မမလေးနဲ့ အဆင့်အတန်းတူနေလောက်ပြီ။

ထိုအတွေးများဖြင့် သူက ဇူအန်ထံသွား၍ အေးစက်စက်ပြောလိုက်သည်။
"မင်းနဲ့ ငါ့ရဲ့ ကွာခြားချက်ကို နောက်ဆုံးတော့ သိလိုက်ပြီလား"

သင်သည် ဟုန်ရှင်းယင် ထံမှ အမျက်ပွိုင့် ၆၆ ရယူလိုက်သည်။

ဇူအန် ဝေခွဲမရပေ။

ဟုန်ရှင်းယင်က ဒီလိုအချိန်မှာ ရောင့်ရဲပြီး အပျော်လွန်နေရမှာ မဟုတ်ဘူးလား။ ဘာကိစ္စအမျက်ပွိုင့်တွေ ပေးနေရတာလဲ။ သူက ဟော်မုန်းမတည်ငြိမ်တာတို့ ဘာတို့များ ဖြစ်နေတာလား။

"နောက်တစ်ယောက် ဇူအန်"

ဆရာ၏ ခေါ်သံကြားပြီးနောက် ဇူအန် ရှေ့သို့ တက်လိုက်သည်။ ဆရာက အေးစက်စက်အမူအရာဖြင့် ဖန်လုံးကို တွန်းပို့လိုက်သည်။
"ယောက်ျားတစ်ယောက်က အင်အားသုံးပြီး ပြိုင်ဘက်ကို အနိုင်ယူရတယ်။ တိုင်တန်းတာက တကယ်မကောင်းတဲ့လုပ်ရက်ပဲ"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now