Chapter 186: ကမ္ဘာဦးမူလကျင့်စဉ်
“အနောက်ဘက်ခွေးခေါင်းတောင် လား” အရင်ဘဝက ကီးဘုတ်ဖိုက်တာတစ်ယောက်အနေနှင့် အင်တာနက်ဖိုရမ်များပေါ် ကျင်လည်တတ်သူအနေဖြင့် ဇူအန် ဤနာမည်ကို ကြားဖူးပါသည်။ ၎င်းသည် ချင် မင်းဆက် တော်ဝင်မိသားစု၏ ခမ်းနားထည်ဝါသော ဘိုးဘွားကုန်းမြေ ဖြစ်သည့်ဟန်ပေါ်သည်။
ဒါပေမယ့်လည်း ငါ ဘာအတွက် အနောက်ဘက်ခွေးခေါင်းတောင် ကို သွားရမှာလဲဆိုတာ ငါ့ကို ဒီအတိုင်း ပြောပြလို့မရဘူးလား။ မင်းတို့လို ပညာရှင်တွေက ဘာလို့ ပဟေဠိဆန်ဆန် လုပ်ရတာ ကြိုက်ကြတာလဲ။ ဒီလိုမျိုးလုပ်တာက မင်းတို့ကို ပညာရှိတဲ့ပုံပေါက်စေတယ်လို့ တကယ်ထင်နေကြတာလား။
“မှတ်ထားပါ။ မင်းနဲ့အတူ ထိုက်ဝူဓါး ကို ယူဆောင်လာပြီး အနောက်ဘက်ခွေးခေါင်းတောင် ကို လာရမယ်” နဂါးဝတ်ရုံဝတ်ထားသည့် လူကြီးက မှာလိုက်သည်။
“ဘာလို့လဲ” ဇူအန် ပြန်မေးလိုက်သည်။
“ထိုက်ဝူဓါး က အနောက်ဘက်ခွေးခေါင်းတောင် ထဲ ဝင်သွားနိုင်ဖို့ သော့ချက်ပဲ”
“သော့”
ဇူအန် သူ့လက်ထဲက ဓားကို ကြည့်ပြီး ဒီလောက်ကြီးမားတဲ့ သော့နှင့်ဆို တံခါးက ဘယ်လောက်တောင်ကြီးလိုက်မလဲဆိုပြီး တအံ့တသြ စဉ်းစားမိလိုက်သည်။
“သေချာပေါက် ငါ မင်းကို အလကား လုပ်ခိုင်းမှာ မဟုတ်ပါဘူး။ ထိုက်ဝူဓါးထဲက ချိတ်ပိတ်မန္တာန်က ကမ္ဘာဦးမူလကျင့်စဉ် ရဲ့ ပထမတစ်ဝက်ပဲ။ အဲ့ဒါက မင်းရဲ့ ခန္ဓာကိုယ်ကို သန့်စင်ဆေးကြောပေးနိုင်တယ်။ သူ့မှာ အားပြင်းတဲ့ သန့်စင်ဆေးကြောနိုင်စွမ်း နဲ့ ပြန်ကောင်းနိုင်စွမ်းလည်း ရှိတယ်။ မင်းအတွက် အများကြီးအထောက်အကူဖြစ်မှာပါ”
“ကမ္ဘာဦးမူလကျင့်စဉ်” ဇူအန် ပြန်ရေရွတ်လိုက်သည်။
နာမည်တစ်ခုနှင့်တင် ၎င်းသည် ဖြုံလောက်စရာ ပစ္စည်းတစ်ခုခု ဖြစ်နိုင်ကြောင်း သူ ပြောနိုင်သည်။ သန့်စင်ဆေးကြောပေးနိုင်စွမ်းကို သူ သိပ်ဂရုမစိုက်သော်လည်း ပြန်ကောင်းနိုင်စွမ်းသည် အခုချိန် သူ လိုအပ်နေသည့် အရာဖြစ်သည်။
သူ့ကျန်းမာရေးအခြေအနေ နိမ့်ကျတဲ့အချိန် သူ့ခန္ဓာကိုယ်ကို အားရှိစေနိုင်သော ကောင်းကင်ဖီးနစ်ကျင့်စဉ် ၏ အစွမ်းအစသည် တကယ်ဖြုံစရာကောင်းပါသည်။ သို့သော် ၎င်းသည် အန္တရာယ်လည်း အလွန်များ၏။ အကယ်၍ သူ့ကျန်းမာရေးအခြေအနေကို သေချာမစောင့်ကြည့်မိဘဲ မတော်တဆ သူခံနိုင်သည့် အကန့်အသတ်ထက် ကျော်လွန်မိသွားလျှင် သူ့အတွက် တကယ်အဆုံးသတ်ရောက်သွားလိမ့်မည်။
YOU ARE READING
ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)
Actionအင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်...။ လပြည့်မြို့တော်၏ လူ့အန္ဓ တစ်ယောက်အဖြစ် နိုးထလာသည်။ သို့သော် စိုင်ကော်၍ ခြုံပေါ်ရောက်ဆိုသလို ချူးကလန်မှ ထိပ်တန်းပါရမီရှင်အလှပဂေးသမီးပျိုလေ...