192

334 46 0
                                    

Chapter 192 : မကြာခင် ပြန်တွေ့ဦးမှာပါ (၁၈+)

ရုတ်တရက် အနမ်းကြောင့် ချူချူယန် ထံမှ ဟင့်ကနဲ ငြီးသံထွက်လာသည်။ သူမ၏ လက်များက ဇူအန်ကို တွန်းထုတ်ရန် အလိုအလျောက်ဟန်ပြင်လိုက်သော်လည်း တခဏ တွန့်ဆုတ်ပြီးနောက် အဆုံးတွင် ပြန်လည်ထိန်းလိုက်သည်။ သူ့ကို မခုခံသည်ကို မြင်ရသောအခါ ဇူအန်က သူမ၏ အ၀တ်များအပေါ်မှ လက်လှုပ်ရှားနေရင်း သူမ၏ ကိုယ်လုံးကို ကြမ်းပြင်ပေါ်သို့ လဲသွားစေလိုက်သည်။ ၄င်းသည် သူမကို နှလုံးခုန်ပိုမြန်သွားစေသည်။

ငါ တကယ်ပဲ သူ့ဆီမှာ ခန္ဓာကိုယ် ဆုံးရှုံးရတော့မှာလား။
သူမသည် ငယ်စဉ်ကတည်းမှ စ၍ ချူကလန်၏ ဂုဏ်ရောင်ဖြစ်ခဲ့သည်။ သူမ၏ အလှအပ နှင့် ကျင့်ကြံမှု ပင်ကိုယ်ပါရမီ ရှိမှုတို့သည် သူမ သွားလေရာ နေရာတိုင်းတွင် အာရုံစိုက်မှုအလယ်သို့ ရောက်ရှိစေသည်။ ယောက်ျားလေးများစွာက သူမကို သူတို့၏ အိမ်မက်နတ်သမီးဟု သတ်မှတ်ထားကြသည်။ သို့သော်လည်း သူတို့နှင့် မထိုက်မှာကို စိုးသဖြင့် သူမ အနားသို့ မကပ်ရဲကြပေ။ ထို့ကြောင့် သူတို့၏ ဆန္ဒများကို နှလုံးသားအနက်ပိုင်းတွင်သာ မြုပ်နှံထားခဲ့ကြသည်။

သေချာသည်မှာ သူမအပေါ် စိတ်၀င်စားသော ထူးချွန်ထက်မြက်သည့် ယောက်ျားသား မရှားပေ။ သူတို့ ဘယ်သူကမှ သူမ ကို ရင်ခုန်အောင် လုပ်နိုင်စွမ်းမရှိခြင်းသာဖြစ်သည်။
သူမ စိတ်ကူးထဲမှ ယောက်ျားသည် စစ်မှန်သော သူရဲကောင်းတစ်ဦးဖြစ်ရမည်။ တစ်ချိန်တည်းမှာပင် သူမ အပေါ်လည်း ချစ်မြတ်နိုးရမည်ဖြစ်သည်။

သို့သော်လည်း သူမသည် ရိုးရှင်းစွာ ထူးချွန်လွန်းနေသည့်အတွက် သူမနှင့် လိုက်ဖက်ညီသူ အလွန်ရှားပါးနေခြင်းဖြစ်သည်။ သူမထက် တစ်ဆင့်ပိုမြင့်သော မျိုးဆက်မှာပင် မရှိပေ။ ထို့ကြောင့် သူမ အိမ်မက်ထဲမှ ယောက်ျားမျိုး တကယ့်ဘ၀အစစ်တွင် မရှိဟု တွေးလိုက်သည်။ ထို့ကြောင့် သူမ ၏ စိတ်ကူးကို ဖြည့်ဆည်းရန်အတွက် ၀တ္ထုများးအပေါ်တွင်သာ အားထားနေခြင်းဖြစ်သည်။

သို့သော်လည်း သူမဖတ်သော ဝတ္တုများထဲမှ ဇာတ်လိုက်များ ပိုမိုထူးချွန်လေလေ လက်တွေ့ဘ၀တွင် သူမ၏ နှလုံးသားမှာ ပိုမို ပုံရိပ်ယောင် လွှမ်းလာလေလေ ဖြစ်သည်။
ထို့ကြောင့် သူမသည် လပြည့်မြို့တွင် ကျော်ကြားသူတို့ကို သူမ၏ ခင်ပွန်းအဖြစ် ရွေးချယ်လိုစိတ် မရှိခဲ့ပေ။ သူမ၏ အမြင်တွင် ယောက်ျားအားလုံးသည် အတူတူပင်ဖြစ်သည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now