ဖိအား၏ အောက်တွင် ရုတ်တရက် မွန်းကြပ်လာသည်ဟု ဇူအန် ခံစားလိုက်ရသည်။ သို့သော် ကံကောင်းသည်မှာ တန်ပြန်တုန့်ပြန်ရန်အတွက် ပြင်ဆင်ထားပြီးသားဖြစ်သည်။ မိန်လိ အနောက်တွင် အလျှင်အမြန် ပုန်းလိုက်သည်။ သူထင်ထားသလိုပင် ဖိအားမှာ ချက်ချင်း သိသိသာသာ လျော့ကျသွားသည်။ ထို့ကြောင့် ပျော်ရွှင်စွာ ဆက်လက် လှောင်ပြောင်လေတော့သည်။ မင်းဟာမင်းဘယ်ခေတ်ကဖြစ်ဖြစ် ကပ်စားဘုရင်ရဲ့ ဒဏ္ဍာရီက အားလုံးကို လွှမ်းမိုးတယ်။
“ဟမ့်…အတင့်ရဲလိုက်တာ။ ငါ့ကို မမှတ်မိရင်တောင်မှ အနည်းဆုံးတော့ သူ့ကို မှတ်မိသင့်တယ်”

“အဲ့ဒါ ဘယ်သူလဲ” ကျန်းဟန်က မိန်လိကို တစ်ချက်ကြည့်လိုက်သည်။ သို့သော် သူမ၏ ယောက်ျားလေးအဝတ်အစားများကြောင့် မမှတ်မိနိုင်ဖြစ်နေသည်။
“ဒီနေရာကို ဘယ်သူ့ကိုပဲခေါ်လာခေါ်လာ သေခြင်းတရား ကနေ ပြေးမလွတ်ဘူး”

“ကျန်းဟန် ငါ့အကြောင်းကို လုံးဝ မေ့ပစ်လိုက်ပြီလို့ ငါ မထင်ထားမိဘူး” မိန်လိ လှောင်ရယ်လိုက်သည်။

ကျန်းဟန် ဇဝေဇဝါဖြစ်သွားသည်။ မိန်လိ၏ ပုံစံကို မမှတ်မိဘဲ နေနိုင်သော်လည်း သူမ၏ အသံမှာ အလွန်ရင်းနှီးဟန်ရှိနေသည်။ သူမ မည်သူဆိုသည်ကို စတင် အကဲခတ်လိုက်ကာ အထိတ်တလန့် အော်လိုက်သည်။ “မိန်လိ”

မိန်လိ ရှေ့သို့ ခြေလှမ်းသွားကာ သရော်လိုက်သည်။ “ကြည့်ရတာ ငါ့ကို မှတ်မိသေးပုံပဲ”

ရှောင်ရွှယ်ယင်း နှင့် ချူချူယန် တို့ လည်း မိန်လိ ကို အကဲခတ်နေကြသည်။ သူမ ၏ အသံမှ တစ်ဆင့် သူမသည် ထိုအောက်တွင် ချိတ်ပိတ်ခံထားရသော မိန်းမဖြစ်သည်ကို သိနိုင်သည်။ သို့သော် သူမမှာ ဤလောက် လှပလိမ့်မည်ကို သူတို့ မထင်ထားကြပေ။

သို့သော်လည်း ချူချူယန်၏ အာရုံမှာ သူမဝတ်ဆင်ထားသော ယောက်ျားလေးအဝတ်အစားများဆီသို့ ရောက်ရှိနေသည်။ ၎င်းသည် ဇူအန်၏ အဝတ်များဖြစ်လိမ့်မည်ဟု မှန်းဆလိုက်သည်။ သူမက ဇူအန် ကယ်တဲ့အချိန်တုန်းက ကိုယ်လုံးတီးဖြစ်နေတာလား။

မိန်းကလေးနှစ်ဦး ၏ စိတ်ထဲတွင် အတွေးမျိုးစုံ ဖြင့် ပြည့်နေစဉ်တွင် ကျန်းဟန် ၏ မျက်မှာအမူအရာမှာ အနည်းငယ် ပျက်နေပြီး သူ၏ အသံမှာ ကြောက်ရွံမှုကြောင့် စတင် တုန်ယင်လာသည်။ “ဘယ်..ဘယ်လို ထွက်လာနိုင်တာလဲ”

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now