သို့သော် တစ်ခြားအမြင်ဖြင့်ကြည့်လိုက်သော် အကြိမ်ရာကျော် ကံစမ်းရာ မပေါက်ဘဲ ဆိုးဆိုးရွားရွား ကျိန်ပြီးမှ ရခြင်းသည် လောကကြီးက ဇူအန်ကို နောက်ပြောင်နေသလိုပင်။

ဘယ်လိုဖြစ်ဖြစ် ရှောင်းရွှယ်ယင်ကို အမြန်ပွေ့လိုက်သည်။ သူ့ကိုယ်က ကြောက်သရာကောင်းလောက်အောင် ပျော့ခွေ၍ အေးစက်နေသောကြောင့် ဇူအန် လန့်သွားရသည်။ အမြန် နွေဦးကိုကြီးကို သူ့ပါးစပ်ထဲ လောင်းထည့်လိုက်သည်။

သို့သော် ရှောင်းရွှယ်ယင်က သတိမေ့နေ၍ ဆေးရည်ကို မသောက်နိုင်ပေ။ မကြာခင် ဆေးရည်တစ်စက် ပါးစပ်ထောင့်မှ ပေါ်လာသည်။

ဒါက ဇူအန်ကို သွေးထွက်စေသည်။
ဒါက ရွှေထက် တန်ဖိုးကြီးတယ်။
ရွေးချယ်စရာမရှိ၍ ဇူအန် ဆေးရည်ကို သူ့ပါးစပ်ထဲ ထည့်၍ ပါးစပ်ချင်းတေ့ကာ တိုက်လိုက်ရသည်။ ဆေးရည်ကို ရှောင်းရွှယ်ယင် လည်ချောင်းထဲရောက်အောင် သေချာ လုပ်လိုက်သည်။

ဆေးရည်အလကားဖြသ်မည်ဆိုး၍ ဇူအန်ပါးစပ်ကို မဖယ်ရဲပေ။ ထို့ကြောင့် နှစ်ယောက်သား ဤအနေအထားတွင် အကြာကြီးရှိနေရသည်။

နွေဦးကိုကြီးက ခါတိုင်းလို အစွမ်းထက်ဆဲပင်။ ဆေးသောက်ပြီးမကြာခင် ရှောင်းရွှယ်ယင် မျက်လုံးများ ပွင့်လာသည်။ သူပထမဆုံးမြင်လိုက်တာက ဇူအန်မျက်နှာအနီးကပ်ဖြစ်၍ သူကြောင်သွားပြီး အတော်ကြာမှ သတိပြန်လည်လာသည်။ချက်ချင်း တွန်းထုတ်ကာ အော်လိုက်သည်။
"နင် ဘာလုပ်နေတာလဲ"

ပြောရင်းဖြင့် နှုတ်ခမ်းထောင့်မှ စိုနေသဖြင့် အလိုလို လက်မြှောက်ကာ ပါးစပ်ကိုသုတ်လိုက်သည်။

သင်သည် ရှောင်းရွှယ်ယင် ထံမှ အမျက်ပွိုင့် ၁၂၃ ရယူလိုက်သည်။

"မင်းဘာလို့ သုတ်လိုက်တာလဲ။ အဲ့တာက တန်ဖိုးရှိတဲ့ ဆေးကွ" ဇူအန် အော်လိုက်သည်။
"မင်းရဲ့ တံတွေးကိုတောင် ငါက အပြစ်မတင်ရသေးဘူး မင်းကို ငါက အသားယူတယ် ထင်နေလား"

ရှောင်းရွှယ်ယင် တစ်ကိုယ်လုံး တုန်ရင်လာသည်။
"နင် နှာဘူး။ ငါသတိမေ့နေတုန်း ဘယ်လိုလုပ် ဒီလိုကိစ္စမျိုး လုပ်ရတာလဲ"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now