အကယ်၍ အခြေခံဓါးပညာ ၏ တီထွင်သူသာ သူ့ဆက်ခံသူသည် သူ့ပညာကို တွင်းတူးဖို့ အသုံးပြုနေကြောင်း သိသွားလျှင် အလွန်အမျက်ဒေါသထွက်ပြီး သူ့ခေါင်းတလားထဲမှ ပြန်ထလာလောက်သည်။

မည်သို့ပင်ဖြစ်စေ ၎င်းသည် အခုချိန် ဇူအန် အရေးစိုက်သည့် ကိစ္စမဟုတ်သည်မှာ လုံးဝသေချာနေသည်။ အဆိပ်ပြင်းတန်ဆာ က မယုံနိုင်လောက်အောင် ထက်မြိနေသည့်အဖြစ်ကြောင့် သူ ဝမ်းသာပျော်ရွှင်နေသည်။ မဟုတ်လျှင် အခုလိုမျိုး ကျွမ်းကျွမ်းကျင်ကျင်ဖြင့် သူ တွင်းတူနိုင်မှာ မဟုတ်ချေ။

ရှောင်းရွှယ်ယင်သည် ဇူအန် လုပ်ရပ်ကြောင့် လုံးဝစိတ်ရှုပ်ထွေးနေသည်။ ဒီမြင်းစီးစစ်တပ်ဆီကနေ ပုန်းကွယ်ဖို့ တွင်းဆက်တူးဖို့ သူ ရည်ရွယ်ထားတာလား။

အရင်တုန်းကသာဆိုလျှင် ဇူအန် လုပ်ရပ်ကို အဓိပ္ပါယ်မရှိသည့် အရာအဖြစ် သူမ အရေးမစိုက်ဘဲ သေချာပေါက်နေခဲ့လိမ့်မည်။ သို့သော် အရာအားလုံး အတူတကွ ကျော်ဖြတ်လာကြပြီးနောက်၌ သူ့ကို ကူပေးရန် သူမ ဆုံးဖြတ်လိုက်သည်။ ကျန်ရှိနေသေးသော သူမကီများကို စုစည်းပြီး သူမလက်ကို မြေပြင်ပေါ်သို့ ကပ်ထားလိုက်သည်။ မကြာခင်တွင် မြေကြီးထဲမှ နွယ်ပင်များ ထွက်ပေါ်လာကြပြီး အဝိုင်းပုံ တွင်းပေါက်များစွာ အတူတကွ ဖန်တီးလိုက်ကြသည်။

မြင်းစီးစစ်သားများ ပိုပိုနီးကပ်လာကြသည်နှင့် ရုတ်တရက် ဇူအန် ထိုတွင်းကို စွန့်ပစ်လိုက်ပြီး ရှောင်းရွှယ်ယင်အား သူနှင့်အတူ ဆွဲခေါ်၍ ထိုနေရာမှ ဆုတ်ခွာလိုက်သည်။

“အခုမှ ထွက်ပြေးတာ အရမ်းနောက်ကျမနေဘူးလား” ရှောင်းရွှယ်ယင် ဇဝေဇဝါ ဖြစ်သွားသည်။
သို့သော် သူမကို ပိုပြီး စိတ်ရှုပ်ထွေးသွားစေသည်မှာ လီသုံးဆယ်လောက် ပြေးလိုက်ပြီးနောက် ဇူအန် ဆတ်ခနဲ ရပ်လိုက်ခြင်းဖြစ်သည်။

သူ့လက်ထဲ ဓားမြောင်ကိုင်ထားလျက် ချီတက်လာနေသည့် မြင်းစီးစစ်သားများကို လှည့်ကြည့်ရင်ဆိုင်လိုက်သည်။ သူ့ပုံစံသည် အချိန်မရွေး ပြန်ခုန်အုပ်ရန် အဆင်သင့်ဖြစ်နေသည့် ခြသေ့င်္တစ်ကောင်ပမာ ဖြစ်နေသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now