သို့သော် ယခင်က သူ ခံစားခဲ့ဖူးသော မီးဖွားရခြင်း၏ နာကျင်မှု အတွေ့အကြုံသည် အလွန်စိတ်ဒဏ်ရာရစေသောကြောင့် ထိုအကြောင်းကို သူ၏ နတ်သမီးနှင့် လက်ပါးစေများ အရှေ့တွင် ထုတ်မပြောချင်ပေ။ ထို့ကြောင့် ဒေါသကို စိတ်ထဲတွင်သာ ပုလင်းဆို့ သိမ်းထားလိုက်ရသည်။

သင်သည် ရှီခွန်း ထံမှ အမျက်ပွိုင့် ၄၅၆ ရရှိလိုက်သည်။

ရှီခွန်းမှာ အကူအညီပေးမည်မဟုတ်ကြောင်း ဇူအန် သိနေသည်။ ထိုစကားကို သာမန် မှတ်ချက်တစ်ခုအဖြစ်သာ ဟန်ဆောင်လိုက်သည်။ သူ၏အရှေ့တွင် ရှိနေသော အခြေအနေကို ဖြေရှင်းနိုင်ရန်အတွက် ခေါင်းခြောက်အောင် စဉ်းစားလိုက်သည်။ ကံမကောင်းသည်မှာ မည်မျှပင် ဦးနှောက် အလုပ်လုပ်စေကာမူ အဖြေတစ်ခုကို မရှာနိုင်သေးပေ။
ထိုဖုတ်ကောင်များမှာ ကိုင်တွယ်ရ အလွန်ခက်ခဲနေသည်။

အကယ်၍ ငါ့မှာ ဝတ္ထု ဇာတ်လိုက်တွေ ပိုင်ကြတဲ့ အလင်းဒြပ်စင် သာရှိနေရင်.... အင်း။ ခဏနေပါဦး။ အလင်းရောင်လား။
ခုနက ကို့ရို့ကားယားနိုင်သော ဓါတ်မီးတစ်မျိုးကို မဲနှိုက်မိကြောင်း ရုတ်တရက် သတိရလိုက်သည်။ ထိုအရာကို မည်သည်အတွက် အသုံးပြုရမည်ကို မသိခဲ့ပေ။ သို့သော် ၎င်းသည် အလင်းရောင်ထဲတွင် အလင်းကို ထုတ်ပေးနိုင်သည်။

အဲ့ဒါရဲ့ အလင်းက ဒီ သက်မဲ့တွေအပေါ် သက်ရောက်မှုရှိမလား။
သူ၏ အတွေးကို အတည်ပြုရန်အတွက် မှော်ဓါတ်မီး အသုံးပြုမှုတစ်ကြိမ်ကို သုံးရမည်မှာ ဖြုန်းတီးမိသကဲ့သို့ ခံစားနေရသည်။ သို့သော် မျှော်လင့်ချက်မဲ့နေသော အခြေအနေများအတွက် ဖြစ်နိုင်သော အရာအားလုံးကို ကြိုးစားကြည့်ရမည်ဖြစ်သည်။
ငါ သေသွားမယ်ဆိုရင် မှော်ဓါတ်မီး အသုံးပြုမှု သုံးကြိမ်မကလို့ ဘာကိုပဲ သိမ်းထားသိမ်းထား အကျိုးမရှိတော့ဘူး။

ထိုအတွေးကြောင့် ဖုတ်ကောင် ဓားသမားများ အလယ်တွင် အသက်ရှုပေါက်ရချိန် သူ၏ လှံတံကို မြေပြင်ပေါ်သို့ ထိုးစိုက်ကာ မှော်ဓါတ်မီးကို ထုတ်လိုက်သည်။နံရံများရှိနေသော လှိုဏ်ဂူသင်္ချိုင်းတစ်ခု၏ အလယ်တွင်ရှိနေသော်လည်း အကြောင်းတစ်ချို့ကြောင့် အလင်းမှိန်မှိန်တစ်ခု ရှိနေသေးသည်။ ထိုအချက်ကြောင့်ပင် သူ၏ ရန်သူများကို မြင်ရကာ အချိန်ကြာမြင့်စွာ ထိန်းထားနိုင်ခြင်း ဖြစ်သည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Unde poveștirile trăiesc. Descoperă acum