ထီဆက်လှည့်သော်လည်း ကောင်းကောင်းကန်းကန်း ဘာမှမရတော့ပေ။ နောက်ဆုံး ကီသီး ၇၀ပင် ရလိုက်သည်။ ထို့နောက် စတုတ္ထအစီအရင်ကိုဖြည့်ရန် လိုအပ်သော ၁၅၆သီး တွင် ၇၇သီးသာ လိုအပ်တော့သည်။

သူ့ကျင့်ကြံမှုနှုန်းက အလွန်နှေးသည်ဟု ထင်ရသော်လည်း အမှန်တော့ ဒီလောကမှ လူအများစုထက် ပိုမြန်နေသည်။ တစ်ခြားလူများက နှစ်ဆယ်ချီ ကြာမြင့်သော်လည်း သူ့အတွက် တစ်လကျော်သာ ကြာလေသည်။

ထို့နောက် ကောင်းကင်ဖီးနစ်ကျင့်စဉ်ကြောင့် သူအရိုက်ခံရတိုင်း ကျင့်ကြံမှုတစ်ခါမြင့်လာ၍ အခြားသူများကို အမီလိုက်ရန် အချိန်သိပ်မလိုပေ။
တစ်ခြားသူများသာ ဇူအန်လျှို့ဝှက်ချက်ကိုသိလျှင် မနာလို၍ ထိုကျင့်စဉ်ကိုရရန် လိုက်သတ်ပေလိမ့်မည်။

ဇူအန် ထိုအရာကို သိသော်လည်း သူလက်ခံရမည့် လမ်းကြောင်းဟု မြင်နေလေသည်။ သူက တစ်လောကလုံး၏ အင်အားအကောင်းဆုံးသူ ဖြစ်ချင်နေခြင်းပင်။
သူက ဝတ္ထုပေါင်းစုံဖတ်ဖူး၍ ခေါင်းထဲတွင် အားကောင်းသော ဇာတ်လိုက်များအကြောင်း ပြည့်နေသည်။ သူ့ကိုယ်သူ ထိုဇာတ်လိုက်များနှင့် တန်းတူထား၍ နှိုင်းယှဉ်နေခြင်းပင်။ ထို့နောက် သူ့အောင်မြင်မှုကိုချို့တဲ့နေသေးသည်ဟု တွေးနေလေသည်။

ဟုတ်တယ် ငါ့လို ထိပ်တန်းပါရမီရှင်တစ်ယောက်က ကောင်းကင်က ကြယ်တွေကို မှန်းသင့်တာ မဟုတ်ဘူးလား။

အနားယူပြီး ဇူအန် အားပြည့်လာ၍ တောထဲမှ ထွက်ကာ ကျီရှောင်ချီကို ရှာရန်ထွက်လိုက်သည်။ ထီမှ မှော်ပစ္စည်း ၂ခု ရထား၍ စိတ်ပျော်နေသည်။
သို့သော် တောထဲမှ အပြင်ထွက်ထွက်ချင်း ဇူအန်အပြုံး တောင့်ခဲသွားသည်။ နှလုံးခုန်သံမြန်လာ၍ ကြက်သီးများ ထလာသည်။

သူ့ရှေ့တွင် အစိမ်းရောင်ဝတ် မိန်းကလေးတစ်ယောက် ရပ်နေလေသည်။ တင့်တယ်သော ခန္ဓာကိုယ်နှင့် ပျော့ပျောင်းသော ခါးသွယ်သွယ် ရှိသည်။ လေပြေတစ်ခုတိုက်လာ၍ ဝတ်ရုံလွင့်နေသည်။ မျက်နှာက မျက်နှာဖုံးအောက်တွင် ကွယ်နေ၍ ဆန်းကြယ်သောအရှိန်အဝါတစ်ခု ပေးနေသည်။

တစ်ခြားယောက်ျားများက သူ့အလှတွင် ကျဆင်းမည်ဖြစ်သော်လည်း ဇူအန်တွင် သူ့အလှကို ငေးမောချင်စိတ်မရှိပေ။  သူ့သေးသွယ်သောခန္ဓာ၏ တိုက်ခိုက်နိုင်စွမ်းကို ဇူအန် ကိုယ်တွေ့ကြုံထားပြီးသားပင်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now