သူ၏ မျက်စိရှေ့တွင် တွေ့နေရသော မြင်ကွင်းသည် ယခင်ဘဝက ကြည့်ခဲ့ဖူးသော သမိုင်းဝင် ဒရမ်မာဇာတ်လမ်းများထဲမှ ဒုက္ခသည် တပ်ဖွဲ့နှင့် အမှန်ပင် ဆင်တူနေသည်။
သူတို့မှာ ဒုက္ခသည်များဖြစ်ခဲ့သည်ဖြစ်စေ မည်သည်တို့ပဲ ဖြစ်ခဲ့သည်ဖြစ်စေ ယခုအခါတွင် ဖုတ်ကောင်များ ဖြစ်သွားရသည်ဆိုသော အချက်ရှိနေသေးသည်။ သူ၏ စိတ်ကို ဆက်လက် တွေးမနေစေတော့ဘဲ တိုက်ပွဲအပေါ်တွင်သာ အာရုံပြန်စိုက်လိုက်ပြီး နေကြာပန်းသိုင်း ကို သုံးကာ ပတ်ဝန်းကျင်မှ ရောက်လာသော တိုက်ချင်မှုများကို ရှောင်လိုက်သည်။

သူ၏ နဂိုရည်ရွယ်ချက်မှာ တောင်ကြားမှ ထွက်ပြေးရန်ဖြစ်သည်။ ထို ရွှေမွှေးကြွက်မိစ္ဆာ များသည် အသက်ရင်းကာ လွတ်မြောက်နိုင်သည့် လမ်းကြောင်းတစ်ခုကို အတည်ပြုပေးသွားခဲ့သည်။ တောင်ကြားထဲတွင်သာ ထိုဖုတ်ကောင်များ လှုပ်ရှားနိုင်သည်ဆိုသော အချက်ရှိနိုင်သေးသည်ဟု ယုံကြည်နေသည်။

ကံမကောင်းသည်မှာ ကြွက်များသည် ထွက်ပြေးစဉ်အခါက တောင်ကြား ထွက်ပေါက်ဆီသို့ ဖုတ်ကောင် အတော်များများ မျှားခေါ်သွားခဲ့ခြင်းဖြစ်သည်။ ထိုနေရာတွင် အုပ်လိုက် ထူထပ်နေသည်။ လမ်းဖောက်ထွက်ရန် အကြိမ်အနည်းငယ် ကြိုးစားခဲ့သေးသည်။ အဆုံးသတ်တွင် ပြန်နောက်ဆုတ်ခဲ့ရသည်။
ရွေးချယ်စရာမရှိတော့ဘဲ တောင်ကြားထဲသို့ ပြန်လည် ဦးတည်လိုက်ရတော့သည်။

တောင်ကြား အနက်ထဲသို့ ပိုရောက်သွားပါက အန္တရာယ်ပိုကြီးလာနိုင်သည်ကို သိနေသည်။ သို့သော် အခြားရွေးချယ်စရာ မရှိပေ။ ပေါက်ပြားများ ကိုင်ဆောင်ထားသော ဖုတ်ကောင်များသည် သူ့လောက်နီးပါး အားကောင်းကြသည်။ ထို့အပြင် ဓားများ၊ လှံများ ကိုင်ထားသော ဖုတ်ကောင်များသည် သူ့ထက်ပင် သန်မာနေကြသေးသည်။

တစ်ယောက်ချင်းယှဉ်လျှင် သူ၏ နေကြာပန်းသိုင်း ဖြင့် ရပ်တည်နိုင်သေးသော်လည်း ယခုအခါတွင် အုံလိုက်ကျင်းလိုက် ရင်ဆိုင်နေရခြင်းဖြစ်သည်။ တိုက်ပွဲမြေပြင်တွင် အသက်ရှင်ကျန်နိုင်ရန် အတွက်ပင် သူ့အဖို့ ခက်ခဲနေပြီဖြစ်သည်။ တန်ပြန်တိုက်ခိုက်ရန် စိတ်ပင်မကူးနိုင်ပေ။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Место, где живут истории. Откройте их для себя