[၈၂] မိန်းမလျာ။

1.7K 288 4
                                    

!unicode!

အခန်း(၈၉) မိန်းမလျာ။

......

ယွင်ရှဲ့သည် တုလီနှင့်ပတ်သတ်၍တော်တော်လေးသဘောမကျပေ၊ သူတို့တွေပြဿနာကိုဖြေရှင်းပြီးနောက်မှာပင် သူတို့အားထိုနေရာတွင်ထိန်းသိမ်းထားဖို့ရန် အခြားကိစ္စတွေရှိနေအုံးမည်ကို သူစိုးရိမ်မိ၏။ မမျှော်လင့်ထားစွာပင်၊ တုလီက သူတို့အားဆက်နေအောင်ရည်ရွယ်မထားဘဲ မြို့ပြင်သို့ပျော်ရွှင်စွာဖြင့်လိုက်ပို့ပေးသည်။

သို့သော် မြို့တော်မှထွက်လာပြီးသည့်နောက်တွင် ဤကား ယွင်ရှဲ့နှင့်ကျန်းရွှင်းယီတို့်အတွက် တစ်ယောက်နှင့်တစ်ယောက်ခွဲခွာရမည့်အချိန်ဖြစ်သည်။

ယွီဟုန်သည် ကျန်းမော့လုံအားသတင်းပို့ရန် လင်းယင်ဂိုဏ်းသို့ဦးစွာပြန်သွားပြီဖြစ်၏။ ထိုအချိန်အတောအတွင်းမှာပင်၊ သူသည် အရင်တုန်းကပြစ်မှုများမှကင်းလွတ်ခွင့်ရကြောင်း ကျန်းရွှင်းယီကြားမိကာ အနောက်ဖက်လင်းယင်ဂိုဏ်းမှ ဂိုဏ်းသားအများစုကလည်း သူ့အားမှားယွင်းစွာစွပ်စွဲမိခြင်းကြောင့် စိတ်မကောင်းဖြစ်နေကြသည်။ ရလဒ်အနေဖြင့် သူတို့တစ်ယောက်ပြီးတစ်ယောက်ထွက်လာကြပြီး အနောက်ဖက်လင်းယင်ဂိုဏ်း၏ဂုဏ်သတင်းမှာလည်း ဆိုးဝါးစွာပျက်ဆီးရတော့သည်။ တစ်ချိန်တည်း၌ပင်၊ လေလွင့်ကျင့်ကြံသူဇီဟွေ့ကား အကြောင်းမဲ့ပြင်းထန်စွာနေမကောင်းဖြစ်နေသည်။ ချန်ဗုဒ္ဓဂိုဏ်းကဲ့သို့သောဂိုဏ်းအချို့မှာ သူတို့၏ကံဆိုးမှုကိုအခွင့်ကောင်းယူ၍ သူတို့အားရန်စလာကြသည်။ ထိုမှတစ်ဆင့် အခုဆိုရင်အနောက်ဖက်လင်းယင်ဂိုဏ်းကား တစ်ကိုယ်တည်းဖြစ်နေလေသည်။

တစ်ဖက်၌မူ၊ လေလွင့်ကျင့်ကြံသူဇီဟွေ့၏လက်ထဲ၌ ဂိုဏ်း၏ဘိုးဘေးများမှလက်ဆင့်ကမ်းလာခဲ့သော မှော်တူရိယာတချို့ရှိနေသေးကာ ထိုအရာများကိုအခြားသူများ၏လက်ထဲတွင်မထားရစ်ခဲ့နိုင်ပေ။ တစ်ဖက်တွင်လည်း ကျန်းရွှင်းယီထံ၌ သူမအပေါ်သံသယများရှိနေသေးသည်ဖြစ်ရာ သူမကို သူဘာမှမမေးရသေးခင် သူမအသတ်ခံလိုက်ရမည်ကိုစိုးရွံ့မိ၍ အနောက်ဖက်လင်းယင်ဂိုဏ်းကိုအရင်သွားလည်ဖို့ရန် သူစီစဥ်ထားသည်။

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now