ဇူအန် နားမလည်ပေ။
"သူက မျောက်ဝံနဲ့ တူလို့လား။ လူအများကြီး ဘာလို့သူ့ကို လာကြည့်ပြီး သစ်သီးနဲ့ပေါက်ရမှာလဲ"

ချူချူယန် စိတ်ဝင်စားစွာ ပြုံးလိုက်သည်။ ချူဟွမ်ကျောက် ရှေ့တက်၍ ရှင်းပြလေသည်။
"ခဲအို ရှီအိမ်ရဲ့ ရှီခွန်းကို မကြားဖူးဘူးလား"

"သူက အဲ့လောက်နာမည်ကြီးလို့လား" ဇူအန် မေးလိုက်သည်။
"ငါက လပြည့်မြို့မှာ နာမည်ကြီးတစ်ယောက်ဖြစ်ပေမဲ့ ဘယ်သူမှ ငါ့ကို ပန်းလာမပေးဖူးဘူး"

ချူဟွမ်ကျောက်ပင် ထိုစကားကြောင့် နင်သွားသည်။ မျက်လုံးလှိမ့်၍ ပြောလေသည်။
"ရှင့်ကိစ္စက နာမည်ကြီးတာထက် နာမည်ပျက်တာဆို ပိုမှန်မယ်။ ရှီခွန်းက ရုပ်ချောတယ်လို့ နာမည်ကြီးတာ ။ ရထားလုံးကို ပန်းနဲ့သစ်သီးနဲ့ ကြိုဆိုတာ မကြားဖူးဘူးလား"

"မကြားဖူးဘူး" ဇူအန် စိတ်ရှုပ်သွားသည်။
ဘာကြီးလားဟ..။

ထို့ကြောင့် ချူဟွမ်ကျောက် ဇာတ်လမ်းပြောပြလေသည်။
"ရှီအိမ် သခင်လေးက ရုပ်ရည်ချောမောပြီး တင့်တယ်တဲ့ အမူအရာရှိတယ်လို့ ပြောကြတယ်။ သူ့ငယ်ရွယ်စဉ်တုန်းက သူမြို့တော်ရဲ့ ဘယ်လမ်းကိုသွားသွား အဖွားအိုကြီတောင် ကြွေပြီး သူ့ရထားလုံးကို သစ်သီးပစ်ပေးတယ်တဲ့။ သူ့ဇာတ်လမ်းကိုကြားပြီး တစ်ခြားသခင်လေးတစ်ယောက်က ရှီခွန်းလိုလုပ်တာ သစ်သီးအစား တံတွေးတွေသာ ပြည့်နှက်သွားတယ်ဆိုပဲ"
"အဲ့တာက ရှီခွန်းဘယ်လောက်ချောကြောင်း ပြနေတာပဲ။ ကျွန်မက ဇာတ်လမ်းကို ကောလဟလထင်ထားတာ။ ကြည့်ရတာ တကယ်နဲ့တူတယ်"

"ငါတော့ ပုံကြီးချဲ့ထားတယ်လို့ ထင်တာပဲ" ဇူအန်က ချူဟွမ်ကျောက် မျက်နှာမှ စိတ်လှုပ်ရှားမှုကြောင့် မကျေနပ်ပေ။

"ကျွန်မ ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ သူဘယ်လောက် ရုပ်ဖြောင့်လဲ ကြည့်ရမယ်" ချူဟွမ်ကျောက် ခြေထောက်မြှောက်၍ ရထားလုံးအပြင်ဘက်ထွက်ရန် ပြင်လိုက်သော်လည်း သူ့အစ်မက တားလိုက်သည်။

"ရှီအိမ်က ဧကရာဇ်ဘက်တော်သား။ မင်းသူနဲ့ မပတ်သက်တာ ပိုကောင်းလိမ့်မယ်" ချူချူယန် အေးအေးဆေးဆေး ထပြောသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now