ရန်ဝေ့က သူနှင့် ရင်းနှီးသော လုပ်ဖော်ကိုင်ဖက်ကို ဆွဲခေါ်ရန် စဉ်းစားနေသော်လည်း ထိုအချိန်တွင် တံခါးဝမှ ချိုသာသောအသံတစ်ခုထွက်လာသည်။
"ဒီကိစ္စမှာ ကျွန်မ သက်သေလုပ်ပေးမယ်"

ငြိမ့်ညောင်းလှသော အသံက လူအုပ်ရဲ့ အာရုံကို ဆွဲခေါ်သွားပြီး အားလုံး အသံလာရာ ခေါင်းလှည့်သွားသည်။ ချက်ချင်း ဆူညံပွက်နေသော အခန်းက ငြိမ်ကျသွားသည်။

အမျိုးသမီးတစ်ဦးက တံခါးဘောင်တွင် ပျင်းရိစွာ မှီနေသည်။ အသားအရည်က ဖြူဖွေး၍ နှုတ်ခမ်းက နီရဲနေသည်။ ဝတ်ရုံက ပိုးသားပမာ သူ့ကိုယ်ပေါ် လွှမ်းခြုံနေပြီး ခန္ဓာကိုယ်အလှကို မသိမသာပေါ်လွင်နေစေသည်။ သူ့ဝတ်စုံက လက်နှင်ခြေထောက်အဖျားတစ်ချို့သာ ပေါ်နေသော်လည်း သူမရုပ်ရည်က ရှိသမျှ ယောက်ျားသားတိုင်းကို အသက်ရှူရပ်စေလောက်သည်။

သူမတွင် အပူအပင်ကင်းသော အရှိန်အဝါတစ်ခုရှိပြီး ထိုအရာက သူမကို တင့်တယ်စေသည်။ ပြီးစလွယ် ရပ်နေခြင်းကပင် ကောင်းကင်မှ ဆင်းသက်လာသော နတ်သမီးတစ်ပါးပမာ လှပလွန်းသည်။
သူမခါးမှ အစိမ်းရောင်အရက်ပုလင်းကြောင့်သာ မဟုတ်ပါက လူ့လောကနှင့် မသက်ဆိုင်သော သိမ်မွေ့သည့် နတ်သမီးတစ်ပါးဟု ထင်နိုင်လေသည်။

"ရှ..ရှန်းဆရာမ"
အခန်း၏ တိတ်ဆိတ်မှုက အားပေးသံအကျယ်ကြီးကြောင့် ပျက်စီးသွားရသည်။ ကျောင်းသားများက စိတ်လှုပ်ရှားနေသော မျက်နှာများဖြင့် သူ့ကို ဝန်းရံလိုက်သည်။

ရန်ဝေ့အသက်ရှူသံပင် မြန်လာသည်။
အမှန်က သူအကယ်ဒမီတွင် စာမသင်ချင်ပေ။ မြို့ပြအုပ်ချုပ်ရေးမှူးရုံးမှ သူ့အလုပ်သည် လက်မလည်ပေ။ တော်ဝင်လွှတ်တော်၏ အမိန့်ကြောင့်သာ မဟုတ်လျှင် မရင့်ကျက်သောအစုတ်ပလုတ်များကို လာသင်ရန် စိတ်မဝင်စားပေ။

သို့သော် သူကျောင်းတွင် ပထမအကြိမ် စာသင်တုန်းက ဒီအမျိုးသမီး၏ မျက်နှာကို တစ်ချက်မြင်လိုက်၍ ရုတ်တရက် သူ့တာဝန်များက အလုပ်နှင့်မတူတော့ပေ။ အမှန်တော့ သူ့ကို နောက်တစ်ကြိမ် မြင်နိုင်ဖို့ အကယ်ဒမီတွင် နေရန် အကြောင်းရှာဖြစ်ပေလိမ့်မည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now