ဇူအန်ရင်ထိတ်သွားသော်လည်း မျက်နှာတွင် မပြရဲပေ။ သူက အလိမ်အညာကို နှစ်ထပ်ကွမ်းအာမခံလိုက်သည်။
"အဝတ်စကိုကြည့်။ဒီလောက်ကောင်းကောင်း ချုပ်ထားတဲ့ ပစ္စည်းကို ခင်ဗျားလမ်းပေါ်မှာ အလွယ်တကူ ရနိုင်လို့လား"

ကျီတန်ထု အတွင်းခံကို သေချာကြည့်လိုက်ပြီးမှ ခေါင်းညိတ်လိုက်သည်။
"မင်းပြောတာဟုတ်မယ်လို့ ငါထင်တယ်။ အဝတ်စက ပစ္စည်းကောင်းပဲ။ ဒါက ချူအိမ်က လာတဲ့ အမျိုးအစားပဲ"

ဇူအန် တန့်သွားရလောက်အောင် အံ့သြသွားသည်။
ဒီလူကြီးက အတွင်းခံစတစ်ခုကို ချူအိမ်က လာတာမှန်း ခွဲခြားနိုင်တယ်။ ခင်ဗျား နှာဘူးကောင်။ အရင်နှစ်တွေက ချူအိမ်ကနေ အတွင်းခံဘယ်လောက်တောင် ခိုးဖူးလို့ အဲ့လို ခွဲခြားနိုင်ရတာလဲ။

"ခင်ဗျားပြောတာ ကျုပ်လုပ်ပြီးပြီ။ ခင်ဗျားဂတိကို တည်ဖို့ အချိန်ရောက်ပြီ"ဇူအန် နတ်ဆေးဆရာ ကျီ ကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
ဒီကိစ္စက သူ့အတွက် လောလောဆယ် စိတ်အပူရဆုံးပင်။

ကျီတန်ထု အတွင်းခံကို ရင်ဘတ်ထဲ ထည့်လိုက်ပြီး
"စည်းဖျက်ဖို့ နည်းလမ်းရှာတွေ့ပြီ။ ဒါပေမဲ့ အဓိက ပါဝင်ပစ္စည်း လိုနေသေးတယ်"

ဇူအန် မျက်နှာ ချက်ချင်းမည်းသွားသည်။
"ခင်ဗျားက ကျုပ်ကို ကစားနေတာလား။ ခင်ဗျားလိုချင်တဲ့ ပစ္စည်းကို ကျုပ်ပေးပြီးသွားပြီလေ။ အခုမှ ခင်ဗျားက အဆင်သင့်မဖြစ်သေးဘူးလို့ ပြောချင်တာလား"

"မင်းက မဟာယင်ယန်ကြောပယ်ဖျက်လက်ဝါး ကို ဖျက်ဖို့ အဲ့လောက်လွယ်တယ်ထင်နေတာလား။ ငါ့ကျွမ်းကျင်မှုနဲ့တောင် မင်းပြဿနာဖြေရှင်းဖို့ စိတ်ချရတဲ့ နည်းလမ်းရဖို့ ရှေးဆေးကျမ်း ရာကျော် လှန်လှောထားရတာ။ ဝိညာဉ်ကြောစည်းဖျက်ဆေးလုံး ကိုဖော်ဖို့ ရှားပါးဆေး ၈၁ မျိုး လိုတာ ။ မင်းအတွက် ငါ အမျိုး ၈၀ ရှာပေးပြီးသွားပြီ။ ဒါပေမဲ့ နောက်ဆုံးတစ်မျိုးက အတော်လေး တွေ့ရဖို့ ခက်တယ်"

အမှန်တော့ ကိစ္စကို အကျယ်ချဲ့လိုက်ခြင်းပင်။ ဆေးရွက်အများစုက သာမန်ဆေးဆိုင်မှာ ဝယ်လို့ရလေသည်။ ကုသမှု၏ သော့ချက်က ဤဆေးရွက်များ၏ အခြေခံဆေးဘက်ဝင်မှုများကို ထူးခြားသောဆေးတစ်ခုဖြစ်လာရန် ပေါင်းစပ်ရသည့် ဆေးညွှန်း ဖြစ်လေသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now