မေချောက်ဖုန်း အံကြိတ်လိုက်သည်။ ပမာဏတစ်ခု မပေးမချင်း သူလွတ်မည်မဟုတ်မှန်း သဘောပေါက်လိုက်သည်။ သူက စိတ်မရှည်စွာ လမ်းခါ၍ အမိန့်ပေးလေသည်။
"ဟေ့ကောင်တွေ ငွေစတစ်သိန်းတန်တဲ့ ငွေတိုက်စာရွက်တွေယူလာခဲ့စမ်း"

သူ့နောက်လိုက်များ ထွက်သွားရာ ချူချူယန် ဘက်လှည့်လိုက်ပြီး
"ချူမန်းကလေး ခွင့်ပြုပါဦီး အတိုးပမာဏကတောင် ကျုပ်တို့ အခုချက်ချင်း ထုတ်ပေးနိုင်ဖိုလ မဖြစ်နိုင်ပါဘူး။ ကျုပ်ရဲ့ စိတ်ရင်းအနေနဲ့ ငွေစ တစ်သိန်းအရင်ပေးထားလိုက်ပါ့မယ်။ ကျန်တာကို နှစ်ကုန်မှ ဆက်ပေးမယ်။ ဒါကို လက်ခံနိုင်ပါရဲ့လား"

မေချောက်ဖုန်း ဇူအန်ကို တိုင်ပင်ရန် လှည့်ပင်မကြည့်ချေ။ ဒီဆန်ကုန်မြေလေး ပြောလာနိုင်သော စကားများကို ကြားချင်စိတ်မရှိပေ။  ဘယ်လိုဖြစ်ဖြစ် ဒီနေရာတွင် အဓိကကျသူမှာ ချူချူယန် ဖြစ်ကြောင်း ပြောနိုင်သေးသည်။

ချူချူယန် ခေတ္တတွေဝေလိုက်ပြီး ခေါင်းညိတ် သဘောတူလိုက်သည်။ သူမခန့်မှန်းချက်အရ ငွေစတစ်သိန်းက မက်မွန်ပွင့်ဂိုဏ်း ဒီအချိန်တိုအတွင်း ထုတ်နိုင်သော အများဆုံးပမာဏဖြစ်လေသည်။ သူတို့ကို ထပ်မံအကြပ်ကိုင်ရန် မကောင်းတော့ပေ။

မေချောက်ဖုန်း၏ နောက်လိုက်တစ်ဦးက ငွေလွှဲစာရွက်များကိုင်ကာ ရောက်လာသည်။ မေချောက်ဖုန်း ပထမရည်ရွယ်ချက်က ချူချူယန်ကိုပေးမလို့ပင်။ သို့သော် တစ်ဝက်တွင် အကြံပြောင်းလိုက်ပြီး ဇူအန်ကို ပေးလိုက်သည်။
"ဇူသခင်လေး ရေချင်သေးလား"

ချူချူယန်လက်ထဲကို ထိုဘဏ်စာရွက်များ ရောက်သွားပါက ပြန်ရရန် ခက်ခဲပေလိမ့်မည်။ သို့သော် ဇူအန်လက်ထဲဆိုပါက.....
ဟဟ..ငါ့မှာ သူ့ဆီက ပြန်ယူဖို့ နည်းလမ်းတွေ ရှိသေးတယ်။

"အင်း ဒါပေါ့" ဇူအန် လောဘတကြီး လှမ်းယူလိုက်ပြီး တစ်ရွက်ချင်း ရေလိုက်သည်။ တစ်ရွက်ကို ငွေစ တစ်ရာ တန်ဖိုးရှိ၍ ငွေသတစ်သိန်းဆို အရွက်တစ်ထောင်ပင်။

မေချောက်ဖုန်း သီးလုနီးပါး ဖြစ်သွားသည်။
ဒါက အပြောသက်သက်ပဲ။ ဘယ်သူက
ဒီလောက်လူအများကြီး ရှေ့မှာ ပိုက်ဆံရေလို့လဲ။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now