ချီရှို့ သူ့ယပ်တောင်ကို ပြန်ခေါက်လိုက်ပြီး ဆန်းရှန်းကို ပြုံးပြလိုက်သည်။
"ဒါပေါ့ ဒီအစောင့်တွေကို ခေါ်လာတာ ကျုပ်မဟုတ်ဘူးလေ။ ကျုပ်က ကောင်းကင်နတ်ဘုရားစားသောက်ဆိုင်မှာ ရေနွေးကြမ်းသောက်နေတုန်း ဦးလေးပန် လူတစ်ခုခေါ်ပြီး လာနေတာတွေ့လို့။ ကျုပ်က စပ်စုချင်စိတ်သက်သက်နဲ့ လိုက်လာတာပါ။ မဟုတ်ဘူးလား ဦးလေးပန်"

ဗိုက်ရွှဲရွှဲ လူကြီးတစ်ယောက် လက်တစ်ဖက်က အရာရှိဦးထုပ်ကို ပြုတ်မကျရန် ထိန်းပြီး လောင်းကစားဝိုင်းထဲ ဝင်လာသည်။ ဒီလူက အမြန်လာရတာ သိသာလှသည်။

"ဒီလူက လပြည့်မြို့ရဲ့ ဒုတိယ ဦးစီးမှူး ပန်ချွမ် ပဲ။ သူက အဆင့် ၅ ကျင့်ကြံသူဖြစ်ပြီးတော့ လပြည့်မြို့ရဲ့ တတိယအာဏာရှိတဲ့သူပဲ။ သူက ချူအိမ်နဲ့ ဆက်ဆံရေးပြေလည်တယ်။ အဲ့ဒီတော့ ရှင်ပါးစပ်သရမ်းပြီး မပစ်မှားတာ အကောင်းဆုံးပဲ" ဇုအန် ပေါက်ကရပြောမည် စိုး၍ ချူချူယန် အမြန်သတိပေးလိုက်သည်။

ဇူအန် မျက်နှာရှုံ့တွလျက် အမြန်ခေါင်းညိတ်ပြလိုက်သည်။
ပန်ချွမ် နာမည်နဲ့ ယောက်ျားတစ်ယောက် ။ သူ့မိဘတွေက ဘယ်လိုတွေးပြီး ပေးထားတာလဲ။ သို့သော် သူ့ရှေ့တွင် မေချောက်ဖုန်း တစ်ယောက်လုံးရှိသေးမှန်း သတိရလိုက်သည်။

အတွေးများ လွင့်နေသော်လည်း ဇူအန် ချူချူယန်စကားထဲမှ အရေးကြီးသော အချက်ကို ကြားလိုက်သည်။ ချူအိမ်က မြို့စားနှင့် ဆက်ဆံရေးကောင်းသော်လည်း ချူကျုန်းထန် အရင်နေ့က ပြောသလို လင်ချွမ်ပြည်နယ်ကို အသစ်ရောက်လာသော အုပ်ချုပ်ရေးမှူး ဆန်းဟုန်က သူတို့ကို ရှင်းရန် ရောက်လာခြင်းပင်။

ကြည့်ရတာ ဆန်းဟုန်၏ လုပ်ရပ်က တော်ဝင်လွှတ်တော်၏ အမိန့်ဟု ယူဆ၍ရလေသည်။
ဘုရားသခင် ချူအိမ်က ပုန်ကုန်မယ့်အတွေး ရှိနေလို့လား။ သူတို့က အိမ်ပိုင်အရာရှိတွေနဲ့ ပေါင်းပြီး တော်ဝင်လွှတ်တော်ကို ဆန့်ကျင်မလို့လား။

ဇူအန်က ခိုင်မာတဲ့ ခြေထောက်တစ်စုံကို ဖက်ထားမိခြင်းဟု ထင်နေတာ။ လက်စသတ်တော့  မြုပ်လုနီးနီး ယိုင်နေသော လှေတစ်စီးဖြစ်နေလေသည်။
သူတို့ မြေအောက်ဂိုဏ်းလေးတစ်ခုကို ရှင်းဖို့ အခွင့်မသာတာ မဆန်းတော့ဘူး။
ဒီလှေက ငါခုန်ဆင်းဖို့ အခွင့်အရေး ရှာလိုက်ရမလား။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)जहाँ कहानियाँ रहती हैं। अभी खोजें