လောင်းကစားသမားများက မက်မွန်ပွင့် ၇ ဇူအန်အား စားပွဲတစ်ခုထံ ခေါ်သွားခြင်းကို အကြည့်စူးစူးများဖြင့် လိုက်ကြည့်နေကြသည်။ အစောနက ကိစ္စအပြီး ဘာဆက်ဖြစ်မလဲ သိချင်ကြလေသည်။ သူတို့က ပွဲကြည့်ရန် စုအုံနေကြသည်။

ဇူအန် သူ့ရှေ့က စားပွဲကို စိတ်ဝင်တစား သုံးသပ်လိုက်သည်။ သူ့အရင်ဘဝက လောင်းကစားဝိုင်းကို ဒရာမာ များ ဇာတ်ကားများ ထဲတွင်ပင် မြင်ဖူးပြီး အနီးကပ်မြင်ဖူးတာ ပထမဆုံးပင်။

သူခန့်မှန်းထားသည်နှင့် ကွဲပြားလေသည်။ အကြီးအသေးလောင်းခြင်းက ကစားနည်းများအနက် နှစ်မျိုးပင်ဖြစ်သည်။ ကစားသူများ လောင်းနိုင်သည့် နေရာ အမြောက်အများ ရှိလေသည်။

ဇူအန် တစ်ခါမျှ မကစားဖူးသော်လည်း စားပွဲခင်းထားပုံက အတော်လေး ရှင်းပြပြီးသားဖြစ်လေသည်။ သူ့ကို နည်းလမ်းနားလည်ရန် အချိန်မကြာလိုက်ပေ။

အံစာ၃တုံး ရှိလေသည်။ ရလဒ်က ၁ နှင့် ၄ ကြာဆို အသေး ၁၁ နှင့် ၁၇ ကြားဆို အကြီးဟု ယူဆရလေသည်။ ဤနညးနှစ်မျိုးအတွက် ငွေချေမှုအချိုးက ၁:၁ ဖြစ်လေသည်။

အံစာ ၃ ခုလုံးပေါ်မှ နံပါတ်များ ထပ်တူညီသည်ဟု လောင်းပါက ၁:၂၄ ဖြစ်သည်။

ပိုစွန့်စားလိုသော ကစားသမားများအတွက်မူ ဆက်တိုး၍ အံစာတုံးပေါ်က နံပါတ်တစ်ခုခု-ဥပမာ အားလုံး ၁၊ အားလုံး ၂ ဖြစ်မည်ဟု လောင်းနိုင်သည်။ ထို့အတွက် ငွေချေမှုအချိုးက ၁:၁၅၀ ဖြစ်သည်။

ထို့အပြင် အံစာ၃ခုပေါင်း၏ ပေါင်းလဒ်ကိုလည်း လောင်းနိုင်လေသည်။ ပေါင်းလဒ် ၄ ၊ ပေါင်းလဒ် ၁၇  ဟု လောင်းခြင်းက ငွေပေးချေမှု ၁:၅၀ ဖြစ်လေသည်။

လူတစ်ယောက်က ပေါင်းလဒ် ၅ နှင့် ပေါင်းလဒ် ၁၆ ဟု လောင်းပါက ငွေချေမှုက ၁:၁၈ ဖြစ်လေသည်။ ပေါင်းလဒ်ရရန် လွယ်လေလေ အချိုး နည်းလေလေပင်။

"ဇူသခင်လေး အကြီး အသေးလောင်းမှာလား" မက်မွန်ပွင့် ၇ တောက်ပသောအပြုံးဖြင့် မေးလိုက်သည်။ သူ့စိတ်ထဲတွင်တော့ ဇူအန် အကြွေးပိ၍ ကာစီနိုမှ ပြန်ထွက်သွားရပုံကို မြင်ယောင်ကြည့်နေသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now